Queen part _23

557 51 3
                                    

[Unicode]
နန်းတွင်းသမားတော်တွေအပ်စိုက်ကုသနေတာမို့သမီးတော်နဲ့နန်းတွင်းသူတွေကိုအပြစ်ပေးခြင်းကိုစတင်သည်။သမီးတော်ပြောတဲ့စကားကတစ်ခုခုကိုတွေးတောဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်လာခဲ့သည်။

" ကြောက်ပါပြီ.....ခမည်းတော်
ယူနာကိုမရိုက်ပါနဲတော့ ဟီး.... ဟီး "

" ချူပြီးသားအသီးတွေရှိနေပါရဲ့ အဘယ့်ကြောင့် အပင်ပေါ်ကနေခူးခိုင်းရသလဲ...."

" ဟီး.....အဟင့်.....မယ်ဖုရား.....အစ်....အပင်ပေါ်ကအသီးက ဟစ်....ပိုချိုတယ်ဆိုလို့ပါ  ခမည်းတော် ယူနာကြောက်ပါပြီ "

" အထိန်းတော်ကြီး သမီးတော်ကိုခေါ်သွားတော့ !! "

ခြေသလုံးဖြူဖြူမှာနီရဲနေတဲ့အချိုးရာတွေဟာစီတန်းနေသည်။တစ်ဉီးတည်းသောနန်းသွေးမို့ယနေ့အချိန်ထိစကားနဲ့တောင်နာကျင်အောင်မလုပ်ဆောင်ဖူးပေ။သနားပင်မဲ့ လူ့အသက်ကိုထိခိုက်စေနိုင်သည်။ထိုလူဟာ မိဖုရားမင်ရာဖြစ်နေတဲ့အတွက်သမီးတော်ဖြစ်နေရင်တောင်အပြစ်ပေးမှရမည်။

" မိဖုရားခေါင်ကြီးက.....ပြောတာတဲ့လား တိုက်ဆိုင်တာဖြစ်ပါစေ

ဂျင်.....မိဖုရားမင်ရာအဆောင်ထဲကသမားတော်တွေအကုန်ထွက်ခိုင်းလိုက် ကိုယ်တော်ကိုယ်တိုင်ပေါင်းခံဆေးလိမ်းပေးမယ်  "

"မှန်လှပါ မင်းကြီး "

" ဒါနဲ့ လီယောင်းကဘယ်ရောက်နေသလဲ "

" မိဖုရားမင်ရာရဲ့အမိမြေကိုပြန်ပြီး လိုအပ်တာသွားယူပါတယ် မင်းကြီး "

" စာပို့ပြီးအမြန်ပြန်လာခိုင်းလိုက် !! "

" ကျွန်တော်မျိုးဆောင်ရွက်လိုက်ပါ့မယ် "

မနက်ခင်းညီလာခံပြီးတာနဲ့နန်းဆောင်ပြန်ကာဝတ်ရုံတော်လှဲလှယ်ရင်းအထိန်းတော်ဂျင်ကိုမှာကြားရသည်။အခုချိန်ထိသတိမလည်သေးတာမို့ တစ်ချို့သမားတော်တွေအကျဉ်းထောင်ထဲခေတ္တထိန်းသိမ်းခံနေရပြီတောင်ဖြစ်‌သည်။နန်းတော်ထဲမှာလည်းမယ်တော့်မွေးနေ့အတွက်ပြင်ဆင်ရင်းအလုပ်များလျှက်ရှိနေသည်။

" မယ်မယ်.....မိဖုရားချွဲယူရာ အခစားဝင်ကြောင်းပါ "

" ဝင်လာခိုင်းလိုက် !!

Queen Where stories live. Discover now