Queen part _39🚨🔞

994 55 11
                                    

[Unicode]
အနောက်ပိုင်းသားတွေအင်အားကြီးထွားလာကြတဲ့အခါအမတ်ကြီးဂျုံဆယ်ဟိုခေါင်းခဲနေသည်။မိဖုရားခေါင်အာဏာရှိပါသော်လည်းနန်းသွေးမရတာကြောင့်အမတ်တွေကဆိတ်ဝှေးစေ့လုပ်နေကြသည်။မိဖုရားမင်ရာနဲ့ အိမ်ရှေ့စံကလွှတ်ထားလို့ရပင်မဲ့ အနောက်ပိုင်းသား‌ကျောထောက်နောက်ခံရှိသည့်မိဖုရားဆိုးဝွန်းကတော့မရပေ။နန်းသွေးရပြီကတည်းကမင်းကြီးရဲ့ဂရုစိုက်မှုကိုရရှိသေးသည်။

" အဖေ........ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်နေပြီ "

" အမတ်ရာထူး‌ဖြုတ်ချဖို့လုပ်နေကြတယ် တစ်ခုခုကြံမှရတော့မယ်

မင်းကြီးကဒီလိုအချိန်မှာသာဝင်လုံးလိုက်ရင်တို့မျိုးဆက်ပျက်သွားလိမ့်မယ် သမီး "

" အဓိကရုဏ်းလုပ်ပေးကြတာပေါ့......... လာမဲ့အပတ်မှာ အိမ်ရှေ့စံခုနှစ်လပြည့်မဟုတ်လား မင်းကြီးက ပွဲတော်လုပ်မယ်ကြားထားတယ် "

" သမီးကဘာလုပ်ချင်လို့တုန်း "

" အိမ်ရှေ့စံက နိမိတ်မကောင်းဘူးဆိုရင် တိုင်းပြည်ကအဓိကရုဏ်းဖြစ်မှာဘဲ ရာထူးကိစ္စရွေ့ဆိုင်းထားလိမ့်မယ်

ဆိုးဝွန်းကိုစိတ်ပူမနေနဲ့အဖေ သမီးလက်ခုပ်ထဲကရေပါ "

" အဖေစီစဉ်လိုက်ပါမယ် "

" ပြန်တော့မယ်အဖေ ပျောက်နေတာသတိထားမိသွားလို့မကောင်းဘူး "

အထိန်းတော်ကမီးအိမ်ကိုကိုင်ဆောင်ကာအိမ်တော်ထဲကနေမိဖုရားခေါင်ကိုလမ်းပြရင်းထွက်လာခဲ့သည်။အသင့်စောင့်နေသည့်လူထမ်းဝေါယာဉ်ပေါ်တက်၍နန်းတော်တောင်ဘက်မုဒ်ကိုပြန်သည်။

" အဲ.......အာဝူး.......ဘူး

အဲ ဘူး ဘူး ဖူး "

" ငါ့သားမှုတ်ကြည့်စမ်းကွာ ဘူး "

" အဲ အဲ ဘူး.....

ခစ် ဟက် ဟက် "

" အဟား ဖေ့သားကြီးကတော်လိုက်တာကွာ ထပ်မှုတ်ကြည့်ပါအုန်း "

" ဘူး ဘူး "

" မင်ဝူ....... မယ်မယ်ဘာပြောထားလည်း ခမည်းတော်ခိုင်းတာတွေမလုပ်ပါနဲ့ဆိုနေ "

Queen Where stories live. Discover now