"သားတို့ရေ ဒီနေ့ဧည့်သည်တွေလာမယ်ဟေ့"
"ဘယ်ကလဲမေကြီးရေ"
"ဖြူသူငယ်ချင်းပါ အကိုရဲ့"
"မိမိလေ သိတယ်မလား"ဆိုပီး ဒေါ်ဖြူလေးမှာ တက်ကြွစွာဖြေလာပါသည်..
ဟုတ်တယ်လေ မိမိနဲ့မတွေ့ရသည်မှာ ၁၁ နှစ်တောင်ရှိပီ... မိမိနှင့်သူမက ငယ်ငယ်ကတည်းကသူငယ်ချင်း
ကျောင်းတွေလည်းပီး လုပ်ငန်းခွင်တွေဝင်
နဲ့ တော်ရုံဆိုမတွေ့အား....
နောက်တော့ အိမ်ထောင်အသီးသီ ကျပြီး မတွေ့ဖြစ်တာ ဘယ်လောက်ကြာပီလဲ....မိမိကသူ့ယောင်္ကျားရှိတဲ့ အမေရိကား ကိုလိုက်သွားတော့ ရံဖန်ရံခါဖုန်းလေးပဲ အဆက်အသွယ်ရှိတော့တာ..
" ငါ့မိန်းမကတော့ကွာ သူ့သူငယ်ချင်းတဲ့တွေရတော့မှာမို့လားမသိ အရမ်းကိုတက်ကြွနေတာပဲ"
ဒေါ်ဖြူလေးကတော့ ဘာမှပြန်မပြော... ပြုံးရုံသာပြုံးနေတော့သည်..."အော် ဒါနဲ့မေကြီး မိမိကလေးတွေတောင်အတော်ကြီးနေပီလား...ကလေးတွေရောပါလာမှာလား"
"ပါလာမှာ... ပါလာမှာ အကြီးမလေးက သားကြီးထက် ၁ နှစ်ပဲငယ်တာ အကိုရဲ့.... အငယ်လေးကတော့ အခုဆို ၂၂ ပေါ့.. သားငယ်လေးထက် ၂ နှစ်ကြီးတယ်"
ဟုတ်ပါသည်... ဒေါ်ဖြူလေးမှာ သားကြီးမွေးပီး ၆ နှစ်ကြာမှာ သားငယ်လေးမွေးတာ...
" ကလေးနှစ်ယောက်ရော အကို"
" သားငယ်လေးပေါ့ ဒေါ်ချို မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ တာမွေ အဝိုင်းထိပ်ကို သူ့အကိုခေါ်ပီးသွားတာ"
" အကိုက မတားဘူးလား ... သားငယ်လေးက အပြင်စာတွေ စားလို့မရတာကို"
" အမလေ ဖြူရယ်... မင်းသားက အရမ်းစားချင်လို့ပါ
စားပီးရင် သူမသောက်ချင်တဲ့ဆေးတွေ အများကြီးသောက်ပါမယ်ပြောလို့ သူ့အကိုက စားပါစေ ဖေရယ်တဲ့""မင်းသားတွေ အတိုင်အဖောက်ညီနေကြတာ...
တယောက်ကလည်းသူ့ညီမျက်နှာညှိုးနေရင် နေကိုမနေတတ်ဘူး... မပူဆာခင် လိုက်လျောချင်နေတာ""အော် အကိုရယ်ချစ်တာကိုး "
ဒေါဖြူလေး ပီတိအပြုံးလေး ပြုံးရသည်...သူများတွေလို ညီအကိုနှစ်ယောက် ရန်ဖြစ်နေတယ်ဆိုတာလဲ မရှိ... တယောက်မျက်နှာ တယောက်ကြည့်ပီး ဘာလိုလဲသိနေတာမျိုး...