ဦးပိန်တံထားတွင် လူတွေတဖြည်းဖြည်းနဲ့စည်ကားလာလေသည်... တံတားတစ်ဖက်နှင့်တဖက် လမ်းလျှောက်သူကလျှောက်... စကားပြောသူကပြော ဓာပုံရိုက်သူကရိုက်နှင့်စည်ကားနေလေသည်...
AD တယောက် Grace တို့ကိုထိုင်စောင့်ရင်း မှူးလေးနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲစဉ်းစားနေမိသည်..
ကြောက်လိုမဟုတ်ပေမယ့် ကိုယ့်ကြောင့်သူစိတ်အနှောက် အယှက်ဖြစ်သွားမှာ မလိုလားတာမို့
နှစ်နှစ်ကာကာမြတ်မြတ်နိုးနိုးနှင့် ဖြစ်ပေါ်လာသည့် မှူးလေးအပေါ် ချစ်သည့်စိတ်များ အား ကျောခိုင်းထားရတော့မည်...အုန်းခနဲ မြည်အောင် နောက်ကျော ထုခံလိုက်ရသည်မို့
ထောင်းခနဲဒေါသထွက်သွားမိသည်..." မပြောမဆိုနဲ့ထွက်သွားရလား.. ဘယ်လောက်စိတ်ပူတယ်ထင်လဲ.. နင်တခါမှလဲရောက်ဖူးတာမဟုတ်ဘဲနဲ့ အဲလိုလျှောက်သွားရလား"
Grace ဆီမှ အဆက်မပြတ်ပွားတဲ့အသံကြားရတော့သည်..
" နင်အဲလို လူကြားထဲလာလာမရိုက်နဲ့... ဘာဖြစ်လဲသွားတော့.. ငါက ကလေးလား... ပါးစပ်ပါရွာရောက်တာပဲကို.."
ဆတ်ဆတ်ထိမခံပြန်ပြောမိသည်... လူက ညစ်တဲ့ဓာတ်အခံကရှိနေတော့လည်း အကုန်လုံးကို စိတ်မရှည်ဖြစ်နေမိသည်...
" ကဲတော်တော့ ဒီမောင်နှမတွေ... ဘာမှမဟုတ်တာကို"
ကိုအောင်လေးမှပြေရာပြေကြောင်းဝင်ပြောရင်း
စားသောက်ဆိုင်က စားစရာများမှာစားကြလေသည်..
ကိုယ်အောင်လေးသူငယ်ချင်းများလဲ အတွဲကိုယ်စီနှင့် Selfie ဆွဲလိုက် စားလိုက်နှင့်သာယာနေကြသည်..
Grace ကတော့ကျွန်တော့အား မျက်စောင်းချည်းပဲလှိမ့်ထိုးနေတော့သည်...ကျွန်တော်လူကြားထဲပြန်မပြောသင့်မှန်းသိသောကြောင့် Grace အားပြန်တောင်းပန်လိုက်သည်...
" Sorry"
လက်လေးမြှောက်ပီးပြောတော့ Grace ကရယ်လေသည်...
မောင်နှမ နှစ်ယောက် Drama ခင်းနေတာကြည့်ပီး
မှူးလေးပြုံးမိသည်... မချစ်ကြတာလဲမဟုတ်.. အမြဲတကျက်ကျက်... အခုထိ ကျွန်တော့ကိုကြည့်မလာသည့် AD အား ကျွန်တော်လိုက်ကြည့်နေမိသည်...