Part-9

14.4K 951 7
                                    

ပါးပြင်ပူနွေးသွားသော အထိအတွေကြောင့် ကြောင်အအနှင့်မော့ကြည့်တော့ အကိုက မျက်လုံးမှတ်ပီး မှေးနေလေသည်...

ခုနကဘာဖြစ်တာလဲဟ သေချာပေါက်ပါးပြင်ကိုနမ်းလိုက်သလိုကြီးခံစားလိုက်ရတာကို
မှူးလေး ဇဝေဇဝါဖြင့်....

" အကို ဖင်နဲနဲကြွ အင်္ကျီးဖိမိနေလို့"

အင်္ကျီအားချွတ်ပီး နဘေးက စားပွဲပေါ်သို့ပစ်တင်လိုက်သည်...
သဘက်ကို ရေဆွတ်ပီး မျက်နှာအားအရင်သစ်ပေးလိုက်သည်.... အခုထိ ထိုလူကြီးက တုတ်တုတ်မျှမလှုပ်
ဇိမ်ခံနေတာ အမြင်ကိုကပ်တယ်.... နောက်လည်ပင်းနား တဝိုက်အားသုတ်ပေးပီး... ရင်ဘတ်နေရာရောက်
တော့ လူကထူပူလာမိသည်...
ရင်အုံကျယ်ကြီးအပေါ်က အဖုအထစ်လေးအား အကြည့်ရောက်မိတော့ မြန်မြန်မျက်နှာလွှဲလိုက်ရလေ
သည်.....

"မပီးသေးဘူးလား ...ငါအအေးပတ်ပီးသေစေချင်လို့လား ... ရေပတ်တိုက်တာလား ရေလောင်းနေတာလား မသဲကွဲဘူး"

မှူးလေးမျက်နှာကြီးနီမြန်းပီး အရှက်သည်းနေပုံ
ကြောင့် တမင်စချင်တာနဲ့ ပြောလိုက်မိသည်...

" အဲဆိုခင်ဗျားထလုပ်ပါလား ... ဒီကလူက မလုပ်တတ် လုပ်တတ်နဲ့ စေတနာထားပီးလုပ်ပေးနေတာကို...
စေတနာပျက်အောင် ခင်ဗျားကြီး"

" ဒီမှာရေတွေစိုနေတယ်...ခြောက်နေတဲ့ သဘက်ယူပီး သုတ်ပေးဦး"

ဆူဆူဆောက်ဆောက်နှင့် မှူးလေးတစ်ယောက်
ဗီဒိုထဲမှ သဘက်တထည်ထပ်ယူလာလေသည်...

" ရော့ ကိုယ့်ဘာသာသုတ် "

AD လက်ထဲသဘက်အား အတင်းထိုးပေးလိုက်မိသည်... နောက်တခါအဲရင်အုံကျယ်ကြီးထပ်ကြည့်မိရင်ဘာလုပ်မိမယ်မှန်းမသိ

" ခင်ဗျားဘာဝတ်မလဲ..."

ပြောရင်းဆိုရင်း AD အဝတ်သေတ္တာအား ဖွင့်ရင်းသင့်တော်ရာယူလာပေးလိုက်သည်...

" ဒါပဲဝတ်တော့"

သူပဲမေးသူပဲရွေး နှင့် အလုပ်ရှုပ်နေသောမှူးလေး...

"ကျွန်တော်ထမင်းချက်လိုက်ဦးမယ် လိုအပ်ရင်ခေါ်လိုက်"
ပြောပီးမှူးလေး မီးဖိုခန်းထဲဝင်လာခဲ့လိုက်သည်...

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now