Part-6

15.3K 1K 3
                                    

" ဘာလို့ထလို့မရတာလဲ...."

ဖြေသံဘာမှလဲမကြား လှုပ်လဲမလှုပ်နဲ့ ကြာတော့စိတ်မရှည်တော့... AD အတင်းကြွပီး ထလိုက်တော့....

" မထနဲ့ မထပါနဲ့ဆို"

ဆိုပီးအသည်းအသန်တားလေသည်...

" ကျွတ်....မင်း ဘာဖြစ်နေတာလဲကွာ... ငါဘာလုပ်ပေးရမလဲ...ဒီမှာငါ့ခေါင်းကွဲသွားပီလားမသိဘူး"

" ကျွန်တော့ သဘက်မရှိတော့ဘူး"

" ဟန်"

" သဘက်မရှိတော့ဘူးလို့"

ထိုမှကျွန်တော်လက်နှင့်ထိထားသော ခန္ဓာကိုယ် အိအိလေးအားသတိထားမိလေသည်...

" ထပီးယူလေကွာ..."

"ကျွန်တော်ထရင်ခင်ဗျားကြည့်မှာပေါ့ ..."

" ဟာကွာ အတူတူချင်းကို...မကြည့်ဘူးကွာ မကြည့်ဘူး"

"တကယ်နော် လုံးဝမကြည့်ရဘူးနော်"

"အင်း" ဆိုပြောမှာ ကလေးစုတ်က ကျုံးထလေသည်...
ပီးမှ သူပိတ်စဖြူနားပြေးပီးပတ်လိုက်လေသည်...
အမြန်လိုနေလို့လားမသိ...ခဏခဏပြုတ်ကျပီး ပတ်မရဖြစ်နေတော့ ကလေးစုတ်မျက်နှာမှာ ရှုပ်မဲ့နေတော့သည်...ကျွန်တော်ကလဲ မကြည့်နဲ့ပြောမှ ပိုကြည့်ချင်တဲ့သူဆို တော့ သူထတာနဲ့ မျက်လုံးက Auto ပွင့်ပီးသားပဲ....

ကလေးစုတ်ပါးစပ်ကလဲ သူအား မျက်လုံးမဖွင့်ရန် ဘုရားစာရွတ်သလို အကြိမ်ကြိမ်ရွတ်နေပီး
အဲအဖြူစကြီးအား ပတ်နေတော့ ကျွန်တော်ကြည့်တာ သူမသိ...ပတ်မရတဲ့အဆုံး ကျွန်တော်ရှိရာ လှမ်းအကြည့် ကျွန်တော်ကလဲ ကြည့်နေတာနဲ့ ဆုံတော့

" အား...ခင်ဗျားကြီး ကတိမတည်ဘူး"

ဆိုပီး ဝူးဝူးဝါးဝါးအော် ရင် သူပတ်တာမရတဲ့ အဝတ်စက ကျွန်တော့် မျက်နှာပေါ်သို့ကျရောက်လာလေသည်,...

ပီးတော့ဗီဒိုဖွင့်တဲ့အသံကြားရပီး ရေချိုးခန်းဘက်ပြေးသွားသည့်အသံပါထပ်ကြားရသည်...

ကျွန်တော့မှာတော့ သူပစ်လိုက်တဲ့ အဖြူစနဲ့ လုံးထွေးနေတော့သည်....

"ဒေါက်...ဒေါက် ... ဒီမှာ ရေချိုးခန်းထဲကထွက်ဦးမှာလားမင်း "

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now