မနက်ရောက်တော့ Hotel တွင်စစ်စရာရှိသည်များ
စစ်ကာ လိုအပ်တာများမှာကြားရသည်....
အခန်းဖွဲ့စည်းပုံနှင့် သုံးရမည့် အစ္စည်းများကိုလဲ
US နည်းအတိုင်းသုံးရန်ညွှန်ကြားရသေးသည်....အကုန်လုံးပီးတော့ မန္တလေးကနေပြင်ဦးလွင်ကိုတက်ဖို့ပြင်ရပြန်သည်.....
မန္တလေး နဲ့ပြင်ဦးလွင်ကိုသွားရန်ကြာချိန်သည်
၎ နာရီလောက်မျှသာ....
တကယ်က ကိုယ့်ဘာသာမောင်းချင်တာ...
ကျွန်တော့မှာက နိုင်ငံခြားယာဉ်မောင်းလိုင်စင်ပဲရှိပီး
မြန်မာမှာတော့ ယာဉ်မောင်းလိုင်စင်မလုပ်ရသေး...
ဒီလိုခရီးအဝေးကို မမောင်းဖို့ Hotel Manager
ကပြောပီး ကားနှင့်ယာဉ်မောင်းပါ စီစဉ်ပေးလိုက်မည့် အဆိုကို လက်ခံလိုက်ရသည်...ကားပေါ်တွင်မနားဖြစ်တော့ဘဲ.... US Office သို့
Myanmar Hotel အကြောင်း Report တင်ရသေး
သည်... ကိုယ့်ရဲ့ Report က ဒီ Hotel ကို Hilton
အမည်ခံ အဖြစ် ပေးရေး မပေးရေးက အဓိကကျနေ
သည်မို့ ... ကိုယ့်ကြောင့်တပါးသူနစ်နာသွားတာမျိုး
လည်းမဖြစ်စေလို.... Hotel အနေအထား... ပတ်ဝန်း
ကျင်အပြင် View ကလည်း မန္တလေးနန်းတွင်း အရှေ့
တင်မို့ ဘာမှကိုပြောစရာမလိုတော့ပေ....
မနက်ကတည်းကလုပ်နေရတာ နားချင်ပေမယ့်
နားလိုက်လို့မဖြစ်...
ဟိုရောက်ရင် ကျွန်တော့Hotel ဖွင့်ပွဲအတွက်
မနားတမ်းလုပ်ရဦးမည်.... ဒီကိစ္စလုပ်ဖို့တောင်အချိန်
ရှိမှာမဟုတ်.... ထိုကြောင့်ကားပေါ်မှာပဲReportကိုစိတ်
နှစ်ရေးလိုက်သည်..... အကုန်လုံးပီးတော့ ရုံးချုပ်အား
Email ပို့ပီး... ပတ်ဝန်းကျင်ကိုကြည့်မိတော့....
ပြင်ဦးလွင်ကိုတက်မယ့် တောင်ကိုတောင်ပတ်နေပီ..ဒီနေရာ ဒီမြေပြင်ရောက်တော့ ကျွန်တော် နစ်နစ်သဲသဲ
ပင် ကလေးအားလွမ်းမိပါသည်....
ဒီနယ်မြေမှာပဲ ကလေးနဲ့ချစ်သူဖြစ်ခဲ့သည်မို့....
ဘယ်နေရာကြည့်ကြည့်ကလေးပုံရိပ်များသာ
ကြီးစိုးနေရသည်...." ဒီအချိန်ဆိုကလေး.... ဘာလုပ်နေမလဲကွာ....."
ကားအပြင်ဘက်မှ စိမ်းလန်းစိုပြေနေသော သစ်ပင်
ပန်းပင်နှင့်တောင်တန်းကြီးအားကြည့်ကာ သည်းတွား
မိသည်....ကျွန်တော့ Hotel ရှေ့ရောက်တော့ ညနေ ၅ နာရီတောင် ထိုးနေပီ.... Royal Culture Hotel ဆိုသော
ဆိုင်းဘုတ်ကြီးကိုမြင်တော့ မျက်ရည်ဝဲအောင်ကို
ပီတိဖြစ်ရသည်..... ကျွန်တော့စိတ်ကူးအိပ်မက်တွေ
အကောင်အထည်ပေါ်လာပီလေ.....
ကလေးနဲ့လဲ ဆုံစည်းဖို့ရာ တဖြည်းဖြည်းနီးကပ်လာ
ပီမို့ ပျော်ရွှင်မှုက.... ပြောမပြတတ်အောင်ပင်....