မနက်ဖြန်မင်္ဂလာပွဲကျင်းပမှာမို့ အိမ်ကလူတွေ အကုန်အလုပ်ရှုပ်နေကြလေလည်....
ကျွန်တော့ ကတော့ Hotelသို့သွားပီး လိုအပ်တာတွေလိုက်ကြည့်ပေးနေရသည်.... Poolside ဆိုတော့ Hall ခန်းလိုတော့ ပြင်စရာမလို.... မီးတော့ များများသုံးပေးရန် Hotel မှ စီစင်သူအားလိုအပ်တာတွေ လိုက်ပြောနေရသည်.... Pool Party လုပ်ရန်အတွက် ရှန်ပိန်ကို လူအရေအတွက်နှင့်မှာကာ စားပွဲဝိုင်းများ ကိုရေကူးကန်ပတ်ပတ်လယ်တွင် လိုက်ထားရန်
Hotel မှဝန်ထမ်းများအားညွှန်ကြားရင်း.... နှင်းဆီပန်းများခြွေနေသည့် ဝန်ထမ်းကောင်မလေးတွေနားရပ်လိုက်ပီး.... ပန်းတွေကိုရေကူးကန်ထဲသို့ထည့်ခိုင်းလိုက်သည်.... အခုတော့ ရေကန်ကြီးက နှင်းဆီခင်းကြီးဖြစ်လို့... Hotel ကလူတွေတောင် Idea ကောင်းလောက်တာဆိုပီး ချီးကျူးနေကြလေသည်.....ညက တစ်ညလုံးအိပ်မရတော့ လူကငြိစိစိ နှင့် နုံးခွေနေလေသည်....မနေ့ညကတည်းကနေ ဒီနေ့ညနေထိ ရေကလွဲရင် ဘာမှ မစားဖြစ် စားလဲမစားချင်တာမို့ ဒီအတိုင်းပေတေ နေဖြစ်သည်.... အခုတော့ နည်းနည်းစားမှဖြစ်မည်.... နေကောင်းအောင်နေရဦးမည်.....
Hotel မှ ပီဇာမှာစားလိုက်သည်.... ညနေကလည်းစောင်းနေပီ .. ပြင်ဆင်စရာတွေလဲ ပြင်ဆင်ပီးပီမို့.....
အိပ်သို့ပြန်လာခဲ့လိုက်သည်..... အင်း.... ကလေးရဲ့ အရိပ်အယောင်လေးတောင် ... ဒီနေ့မတွေ့ရသေး...." လွမ်းတယ်ကွာ...."
အသံထွက်သည်းတော့ Taxi သမားက လှည့်ပြန်ကြည့်လေသည်....
အိမ်ရောက်တော့ ဧည့်ခန်းထဲတွင် ဧည့်သည်တွေ နှင့် လူစုံနေလေသည်.... ကလေးက သူ့အမေဘေးနားတွင်ထိုင်နေလေသည်....
" သား... လာလာ ပင်ပန်းနေပီလား.....
သူငယ်ချင်းတို့ ဒါငါ့သားလေးလေ...."သူနားသို့ဆွဲခေါ်ကာ.... အမေ့သူငယ်ချင်းများနှင့် မိတ်ဆက်ပေးလေသည်....
အဲထဲမှ အမေ့သူငယ်ချင်းက.....
" မိမိနဲ့ ဖြူလေး တို့သားတွေကတော့ အချောတွေချည်းပဲဟေ့..... ဖြူလေးသားက ငယ်သေးတော့ မိ နင့်သားလေး နဲ့ ငါ့သမီးလေး ဘယ်လိုလဲ....."
အမေကတော့
"ကလေးတွေသဘောပါတော်... ဘာမှချုပ်ကိုင်မထားပါဘူး...."
ဆိုကာရီရီမောမောပြန်ပြေလေသည်...