Ending

19K 926 37
                                    

တဖြည်းတဖြည်းနဲ့ဝင်ရောက်လာခဲ့တာ လမ်းမကြီးကနေ လမ်းကလေး  လမ်းကလေးကနေ အခု ဂျိုင့်ခွက်တွေများတဲ့လမ်းကျင်းကျင်းလေးထဲရောက်နေလေပီ........ မိုးလေကင်းလွတ်ချိန် သီတင်းကျွတ်လရာသီဘက်ရောက်နေပီမို့ လယ်ကွင်းပြင်ကြီးထဲက စပါးပင်ဖွေးဖွေးကလည်း မျက်စိတစ်ဆုံး ၀ါထိန်နေလျှက် လေယူရာသိမ်းကာ ယိမ်းနွဲ့နေကြလေသည်......တချို့သော စပါးပင်များက ရေလွှမ်းမိုးမှုကြောင့်ထင်ရကာ ပျက်ဆီးနေကြသေးသည်.........

မနက်စောစောထခဲ့ရလို့ နောက်ကျိနေသည့်စိတ်က ထိုမြင်ကွင်းအားမြင်ရတော့ မှူးလေးမှာချက်ချင်းပင်လန်းဆန်းလာခဲ့လေသည်.......... သဘာဝလေလေး ရှူရှိုက်ချင်တာမို့ ကားမှန်တံကားဖွင့်ကာ ခေါင်းကိုကားအပြင်ထုတ်လိုက်ပီး အာရပါးရရှူရှိုက်မိသည်......

လယ်ကွင်းထဲမှ ယာယီတဲလေးများက သူ့နေရာနှင့်သူဆောက်လုပ်ထားကြကာ.......တချို့တဲလေးတွေဆိုအ၀တ်များလှန်းထားသည်မို့ ထိုနေရာမှာပဲ နေထိုင်စားသောက်ကြတာ သိသာပေါ်လွင်စေပြန်သည်။ လူတွေကို လာရာလမ်းတစ်လျှောက်မတွေ့ရသည်မို့ စိတ်ထဲထူးဆန်းနေမိသည်။

ကားရှေ့မှ နွားအုပ်စုလိုက် တိုးဝှေ့ကာ ထိန်းကျောင်းသူမရှိ ဖရိုဖရဲလာနေသောကြာင့် ဖုန်လုံးများတလှိမ့်လှိမ့်တက်လာသည်မို့ ကားမှန်ကို အမြန်တင်လိုက်ရသေးသည်။

တွေးရင်းငေးရင်းနှင့် မှူးလေးတစ်ယောက်အလုပ်များနေရင်းက အိုးစည်သံသဲသဲကြားလိုက်ရတော့ခေါင်းထောင်ကာ ရှေ့သို့ကြည့်မိသည်.......

"ဟော အသံကြားပီ......ရောက်တော့မယ်ထင်တယ်"

မေ့ဆီကအသံလေးထွက်လာသည်မို့ ရောက်တော့မည့်နေရာကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်.... ယိုင်နဲ့နေသည့်ကျောင်းအိုလေးတစ်လုံး နှင့် အခုမှဆောက်လုပ်ထားဟန်ရှိကာ လက်ရာပင်အချောမသတ်ရသေးသော ကျောင်းသစ်လေးတစ်လုံး အပြင် လွတ်နေသော မြေကွက်လပ်မှာ ယာယီအမိုးလေးမိုးကာ စားပွဲဝိုင်းအပုလေးများချခင်းထားကြသေးသည်........ထိုင်ခုံမပါတာမို့  ဖယောင်းပုဆိုးအရှည်ကြီးကို ချခင်းထားလေသည်.....

ကျွန်တော်တို့ကားဝင်လာသည်ကိုမြင်သည်နှင့် လူတွေဝိုင်းအုံလာကာ လာကြိုဆိုကြလေသည်...ရှိသမျှလူတွေဒီရောက်နေသလားအောင့်မေ့ရသည်...ဒါကြောင့်မို့လမ်းတစ်လျှောက်မတွေ့ခဲ့ရတာများလားမသိ..

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now