Part-35

11.5K 810 13
                                    

ကလေးဆိုင်လေးက ထွက်လာခဲ့ကာ မန္တလေးသို့ဆက်သွားရန်အတွက် ရန်ကုန်လေဆိပ်သို့ပြန်လာခဲ့ရသည်.....

အစကတော့ ကလေးကိုတွေ့ရင် လွမ်းခဲ့
ရသမျှ အဆင်ပြေလိမ့်မယ်ထင်ထားခဲ့ပေမယ့်.....
တွေ့ပီးတော့မှ ပိုပီးတွေချင်နေတဲ့
အဖြစ်က ဖြေဆေးမရှိသလို... ခံစားချက်ကကူရာကယ်ရာမဲ့.....

လေယာဉ်ပေါ်ရောက်တော့လဲ ရန်ကုန်ကို ပြန်လှည့်ချင်
စိတ်တွေမတရားဖိနှိပ်ကာ... အရင်က ကားကွင်းတွင် ကလေးအိပ်ပျော်နေတာကို
ခိုးရိုက်ထားတဲ့ပုံအား ဖွင့်ကြည့်ရင်း အလွမ်းစိတ်တွေ
ကိုတိုက်ထုတ်နေရသည်....

မန္တလေးလေဆိပ်ရောက်တော့ ည ၇ နာရီတောင်ရှိ
နေပီ.... လေဆိပ်ကနေ မြို့ထဲကိုဝင်ဖို့ရာ ၁ နာရီ
လောက် ကားစီးရမည်ဟု Hotel မှလာကြိုသော
ကားသမားလေးဆီက ကြားရတာမို့.... အိပ်ပီး
လိုက်လာခဲ့သည်....

Hotel ရောက်တော့ ကျွန်တော့အားကြိုနေသော
Hotel ပိုင်ရှင် နှင့် Manager အားတွေ့ဆုံကာ
စကားပြောရသေးသည်.....
ကလေးနဲ့ဖုန်းပြောချိန်လေးတော့ပါကုန်ပါပီကွာ....
ဆွေးနွေးလက်စကို ခဏရပ်ဖို့ခွင့်တောင်းကာ
အသံMessage ဖြင့် Viber မှ ကလေးအား
အကြောင်းကြားရသေးသည်....
ကလေးစောင့်နေရတော့မည်......
" ကလေး... ကိုယ်အလုပ်နဲနဲရှုပ်လို့... အလုပ်ပီးရင်
ဆက်မယ်နော်.... အရမ်းနောက်ကျရင်စောင့်မနေဘဲအိပ်လိုက်နော် သိပ်ချစ်တယ်..."
ဆိုပီးပို့လိုက်တော့ see ပြပေမယ့် ဘာမှအကြောင်းပြန်
မလာပေ....

ကျွန်တော်လဲဆွေးနွေးစရာများ ဆက်ဆွေးနွေးကာ
သူတို့ဘက်ကတော့ ထမင်းဟင်းများနှင့် ဧည့်ခံလေ
သည်....

" အကိုက.. Management ပိုင်းကိုလာစစ်
တာ နိုင်ငံခြားသားတစ်ယောက်ယောက်ဖြစ်မယ်
ထင်ထားပေမယ့်... အခုလိုမြန်မာဖြစ်နေတော့
အတော့်ကို အံ့သြနေတာ.....
ဒီလိုရာထူးက တော်ရုံနဲ့မရဘူးလေ...
ပီးတော့ ဒီက ညီလေးက အရမ်းငယ်သေးတော့
မချီးကျူးပဲကို မနေနိုင်ဘူး....

တစ်ဆက်တည်းစဉ်းစားမိတာက ဒီလိုတော်တဲ့လူ
တွေ တခြားနိုင်ငံ အတွက်ပဲ အလုပ်လုပ်ပေးနေရ
တာမြင်တော့ စိတ်မကောင်းဖြစ်မိတယ်......"

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now