Part-38

11.3K 634 6
                                    

မိုးအရမ်းသဲကာ တဂျိမ်းဂျိမ်းနှင့် မိုးချိန်းနေသော
ကြောင့် ကျွန်တော် အိပ်ပျော်နေရာကနေ နိုးလာခဲ့
သည်..... မိုးရွာတာ ကျွန်တော့အတွက်အဆင်ပြေ
ပေမယ့် မိုးချိန်းတဲ့အသံကိုတော့ အသက်အရွယ်
နဲ့မလိုက် ယောင်္ကျားတန်မဲ့ သေအောင်ကြောက်
တတ်တာ ကျွန်တော့အားနည်းချက်.....
အိပ်မပျော်တော့တာမို့ ဘာလုပ်ရမှန်းမသိဘဲ
ထထိုင်လိုက်မိသည်......
အခန်းအတွင်းသို့ လျှပ်စီးကြောင့် ဝင်လာသော
အလင်းရောင်က တစ်လက်လက် ...
ပြတင်းပေါက်က လေတိုးသောကြောင့် တဒုန်းဒုန်း
နဲ့ပွင့်တော့မလိုလို.....

ဒီအချိန်မှာ ကျွန်တော်ပထမဆုံးတောင်းတမိတာက
အကို့ရဲ့ရင်ခွင်.....
ဒီတစ်ကြိမ်မှ မဟုတ်ပါဘူးလေ... ဒီလိုမိုးသဲ ပီး မိုးချိန်း
ရင်တော့ ကျွန်တော်သတိရမိတာ အကိုပဲရှိလေသည်..

မေ့ကိုရော သတိမရဘူးလား ထင်ကောင်းထင်လိမ့်
မည်.... ကျွန်တော်ကိုက မေတို့စိတ်ပူ နောက်ဆံတင်း
ရမည့်အလုပ်မျိုးမလုပ်ချင်....

အရင်က ဒီလိုအချိန်နဲ့ကြုံတွေ့ရရင် စောင်ကို
ခေါင်းထိလုံအောင်ခြုံ...ဘာအသံမှမကြားရအောင်
သီချင်းကိုမိုင်ကုန်ဖွင့်ကာ အိပ်စက်ခဲ့ရပေမယ့်
အကိုနဲ့စတွေ့ချိန်မှာတော့ ကျွန်တော့အား
အများကြီးနှစ်သိမ့်ပေးကာ ထွေးပိုက်ပေးခဲ့သော
ညလေးတစ်ည နှင့် ရင်ခွင်တစ်စုံ အားမေ့မရခဲ့တဲ့
အပြင်... ဒီလိုအချိန်တိုင်း ဒီလူအား
တမ်းတတတ်လာခဲ့ပီ....

အကိုနဲ့ခွဲခွာနေရတာ အခုဆို ၃ နှစ်ပြည့်ဖို့ ၂ လသာ
လိုတော့သည်.....  ကျွန်တော်တို့နှစ်ယောက်လုံး
လဲအရမ်းကိုပျော်နေရသည်.....
တွေ့ရမဲ့ရက်က နီးလာလေလေ ...အချိန်ကုန်
တာကြာလာလေလေ.....
အကိုကလဲဒီရက်ပိုင်း အလုပ်အရမ်းရှုပ်နေသည်
မို့ဖုန်းမပြောဖြစ်တာ ၄ ရက်လောက်ရှိပီ..
အရင်ကလို တစ်ရက်တစ်ခါတော့ ပုံမှန်မပြောဖြစ်
တော့ပေ....

နောက်တစ်ပတ်ဆို သင်္ကြန်တောင်ကျတော့မည်....
အခုလဲသင်္ကြန်းမိုးက သဲကြီးမဲကြီးကိုရွာနေလေ
သည်.... ဒီနှစ်သင်္ကြန်သည် အရင်နှစ်လို နားရမှာ
မဟုတ်....

မန္တလေးကျုံးရှေ့တွင်ဆောက်လုပ်မည့်
VIP ရေကစားမာဏ်းတပ်တစ်ခုက one stop
service လုပ်ချင်သည်ဆိုပီး.... ကျွန်တော်တို့ဆိုင်
အား မာဏ်းတပ်တွင် လာဖွင့်ပေးရန်ကမ်းလှမ်းတာ
ခံရသည်မို့ ပျော်ရပေမယ့် ကူညီမည့်ဝန်ထမ်းမရှိ
မှာလဲ စိတ်ပူရသည်....
ပီးတော့ပိုးဥ... သူလဲဒီအချိန်လေးတော့နားချင်ရှာ
မှာပဲဆိုပီး မပြောဘဲထားခဲ့ပေမယ့်...
ပိုးဥက Facebook မှသိလာသည်ဆိုကာ...
သူအားမပြောဘဲထားရမလားဆိုပီး စိတ်ဆိုးလို့
မနဲချော့ရသေးသည်.... ထိုအပြင် ဝန်ထမ်းတစ်ချို့
ကလဲလိုလိုလားလား လိုက်ပီးကူညီမည်ဟု
ပြောသောကြောင့် ကျွန်တော်လဲလက်ခံဖြစ်
လိုက်သည်....

မင်းဖြစ်နေလို့ ( complete)Tempat cerita menjadi hidup. Temukan sekarang