Part-20

13.4K 852 2
                                    

တနေကုန်လည်လိုက်ရလို့ လူက အရမ်းပင်ပန်းနေပီ... ရေထိလိုက် နေထိလိုက် နဲ့မို့ ဦးထုတ်တွေ အင်္ကျီ လက်ရှည်တွေဝတ်ထားတာတောင်မှာ မျက်နှာမှာ နေလောင်သလို နီရဲပီးစပ်နေလေသည်...

နှစ်ယောက်သားရေမိုးချိုးထမင်းဟင်းစားပီး... အကိုကတော့ အရင်အိပ်ယာထဲဝင်နှင့်ပီ... ကျွန်တော်ကတော့ နေလောင်နေသောမျက်နှာအား  မေမေထည့်ပေးလိုက်သော ခရင် လိမ်းနေရသည်.... နို့မို့ဆို မေမေက စိတ်မကောင်းဖြစ်နေလိမ့်မည်...

လိမ်းပီးတော့ ကျွန်တော်လည်း အိပ်ယာထဲဝင်လှဲလိုက်ရင်း ကျောခိုင်းအိပ်နေသော အကိုကျောပြင်ကျယ်ကြီး အားကြည့်နေမိသည်.... ကြည့်နေရင်းက အားလို အားမရဖြစ်လာပီး လက်က ကျောပြင်ကျယ်အား ထိမလို နှင့် မထိပဲပြန်ချရပြန်သည်....

ကျွန်တော်အကို့အား ရွံသည်ဟု ပြောလိုက်သည့်စကားသည် ... ဒီနေ့ကျမှ ပြောလိုက်မိသော ကိုယ့်ကိုယ် ကိုယ် ပိုခွင့်မလွှတ်နိုင်တဲ့ ခံစားချက်ကြီးဖြစ်လာရသည်...
တကယ့်လက်တွေ့မှာလဲ ကိုယ့်ပါးအား ပြန်ရိုက်နေမိသည်....

ဒီရက်ပိုင်းတွင် အကိုသည် ကျွန်တော့ အား လိုအပ်တာမှန်သမျှ ကျွန်တော်ပြောစရာမလိုအောင်ပင်ဖြည့်ဆည်းပေးလေသည်... ပီးရင်သူ့ဘာသာသူ တနေရာရာ ငေးနေတတ်သည်... စကားအပိုအလိုလဲမပြောပဲ အရင်က တက်ကြွသည့် အရိပ်အယောင်များပျောက်ဆုံးနေလေပြီ... အမ Grace တောင်မှ ဒီကောင်လေး US က ကောင်မလေးကိုလွမ်းနေပီလား တမှိုင်မှိုင် တတွေတွေ နဲ့ လို့တောင်ပြောပီးစနေသည်....

အရင်ကဆို အမပြောရင် အကိုက ပြန်ပြောရမှကျေနပ်နေတတ်ပေမယ့် အခုဆို အမပြောတာကိုပင် အပြုံးလေးနဲ့တုံ့ပြန်နေတတ်ပြန်သည်...
တကယ်ပဲ ရည်းစားကိုလွမ်းနေတာလားအကို....
ဒါဆို ဘာလို့ ကျွန်တော့ကိုနမ်းသေးလဲ....
ကျွန်တော်သိသလောက်က နှုတ်ခမ်းကိုနမ်းတယ်ဆိုတာ ချစ်သူရည်းစားကိုသာ ချစ်လို့နမ်းကြတာတဲ့....
ဒါဆို အကို ကျွန်တော့ကိုချစ်လို့ပေါ့နော်.... ရင်ဘတ်ထဲ သိမ့်ခနဲ ဖြစ်သွားအောင်ထိကို စိတ်ကူးယုံနဲ့ ကြည်နူးရသည်...

ဟား....,နင်ရူးနေပီ မှူးလေး... နင်ပဲဒီလူကိုရစရာမရှိအောင် နစ်နစ်နာနာပြောပီးတော့.... နင်က ဒီလူဆီက အချစ်ကို မျှော်လင့်နေတာလား....

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now