Part-3

20.5K 1.3K 4
                                    

" ဟယ် မိမိတို့လာပီ....ဖေကြီးရေ... သားတို့ရေ
ဒီမှာ မိမိတို့လာပီ"

အိမ်ရှေ့က မေမေ့ အော်သံကြောင့် ကျွန်တော်တို့သားအဖ အိမ်ရှေ့သို့ထွက်လာပါသည်...
ကားပေါ်က ဆင်းလာသူမှာ...အသက် ၅၀ အရယ် ခေတ်မှီသော အဝတ်အစားများနှင့်အန်တီတယောက်ဆင်းလာပါသည်... ခေတ်မှီပီး ကျက်သရေရှိတဲ့အလှမျိုး ...တစ်ဖက်ကဆင်းလာသူမှာ ယောင်္ကျားဖြစ်ဟန်တူပါသည်...အသားဖြူပီး လူကြီးလူကောင်းပီသတဲ့ရုပ်မျိုးကို ပိုင်ဆိုင်ထားသူ

နောက်ထပ်တစ်ယောက်ကတော့ မမချောချောတယောက် ခေတ်မှီလှပပီး မအေတူသမီးလို့ပြောရအောင် ကျက်သရေရှိလှပါသည်...ပြုံးလိုက်ရင် သွားတက်လေးတောင်ပါသေးသည်...ဆံပင်အရှည်ကို အညိုရောင်လေးဆိုးထားပီး အခွေအလိပ်ကြီးများကောက်ထားသည်မှာ အရမ်းကြည့်လို့ကောင်းနေပါသည်...

ကျွန်တော့ အကိုကြီးဆို အဲအမကြီးဆီက မျက်လုံးတောင်မခွာတော့ဘူး ..ကိုယ့်အကိုမို့ပြောတာမဟုတ်
အရှုပ်အရှင်းလည်းမရှိ တည်တည်ငြိမ်ငြိမ်နှင့် ကျွန်တော့ အကိုက ခန့်ချောကြီးဗျ...မိန်းကလေးတွေဆို ဖြတ်ခနဲ ကြည့်ရုံကလွဲရင် စေ့စေ့ကြည့်တယ်ဆိုလို့ တခါမှမတွေ့ဖူးဘူး....ဒီအမ ကျမှပဲ...

ကျွန်တော် အကိုကြီးကိုစချင်လာတာနဲ့ "အကိုကြီး အောက်ပြုတ်ကျနေပီ..."
အကိုကြီးက ဘာလဲဆိုသော အထာနဲ့ မေးဆတ်ပြလေသည်..
"ဘာလဲ ငယ်လေး...ဘာပြုတ်ကျတာလဲ..."

"မျက်လုံးတွေနေမှာပေါ့"

"ဟာ" ဆိုပီး အကိုကြီးရှက်သွားလေသည်...
ကျွန်တော်ကတော့ တခိခိနဲ့ သူများကိုစရလို့ကျေနပ်နေတာလေ...
နောက်ဆုံးတယောက်မှာတော့ ကျွန်တော် ခဏငြိမ်ကျသွားမိသည်..

စိတ်ထဲမှာတော့ တော်တော်ကြည့်ကောင်းတာပဲဆိုပြီး မှတ်ချက်ပြုမိသည်...
အရပ်ကလဲအရှည်ကြီးပဲ ...ငါကရော... ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်....ဘယ်သူဘာပြောပြောငါက cuteတာ ဆိုပီး မှူးလေးကြံဖန်ကျေနပ်လိုက်သေးသည်....

"လာကြ ..လာကြ မိမိရယ် လှလာလိုက်တာ..."

"ဖြူလေးရယ် နင်က ဘယ်အချိန်ကြည့်ကြည့် အေးချမ်းပီး ကျက်သရေကိုရှိနေတာပဲ"

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now