Part-15

13.2K 832 1
                                    

ရယ်သံတွေ ဘေးနားက ကြားနေရတာမို့ ကျွန်တော့ မျက်လုံးတွေဖွင့်ချင်မဖွင့်ချင်နှင့် အသံလာရာဆီသို့ ကြည့်လိုက်တော့ Grace နဲ့ အကိုကြီး ပီးတော့ အကိုကြီးသူငယ်ချင်းတွေ...  လူကလှုပ်လို့မရလို့ဘေနားကြည့်လိုက်တော့... တရားခံက လူကိုဖက်လုံးအလား အတင်းဖက်ထားသော မှူးလေး... ကျွန်တော် Grace တို့ရှိရာသို့ လှမ်းကြည့်လိုက်ပီး ရှိသမျှ သွားတွေ အကုန်ပေါ်အောင်ရီပြလိုက်ရလေသည်
" သူက သရဲကြောက်လို့တဲ့... အဲဒါ"
"ဟား..ဟား... ငါ့ညီတော့ ဒီခွေးပေါက်ကြောင့် တညလုံးဒုက္ခတွေရောက်နေရပီ... Sorry ကွာ... အကို ငယ်လေးကို ဂရုမစိုက်သလိုဖြစ်သွားတယ်..."
" ဟာ.. မဟုတ်တာရပါတယ်.. သူဘာမှ ဒုက္ခမပေးပါဘူး..."
" လွှတ်ထားလိုက်ပါ ကိုရယ်... သူGrace ကို နှိပ်စက်ခက်သမျှ ငယ်လေး ပြန်လုပ်ပါစေ..."
" နင်နော်... ငါကဘာလုပ်လို့လဲ"
" တော်ပီ ဒီမောင်နှမ ရန်သတ်တာတွေ... ငယ်လေးကိုနှိုးရမယ် ...ကြည့်ပါဦးအိပ်နေတာ သူ့အိမ်ကျနေတာပဲ... ညီလဲညောင်းနေပီ"
" သားငယ်လေး... ငယ်လေး ထတော့ Hotel ရောက်ပီ... "
အိပ်ချင်မူးတူး နှင့် မျက်လုံးတွေဖွင့်လာသော ကလေးငယ်...
" အာ .. ရောက်ပီလား ... အိပ်ချင်သေးတာကို" ပြောရင်းဆိုရင်းနဲ့ ပင်ပြန်မှေးနေသော မှူးလေး...
" ထတော့... Hotel က အခန်းထဲရောက်မှ ပြန်အိပ်
AD ကိုလဲအားနားဦး ငယ်လေး... ခင်ဗျားလေး ခြေထောက်တွေက AD ပေါင်ပေါ်မှာ ... ခင်ဗျားလေးမထတော့ သူလဲထလို့မရဘူး" ဆိုမှ ငေါက်ခနဲ ထလာပီး
ကျွန်တော့် ကိုပြူးပြဲကြည့်လာလေသည်...
" ဟာဗျာ... ပြောတာမဟုတ်ဘူး .. အားနာလိုက်တာ
ကျွန်တော်ကအဲလိုပဲ အိပ်ရင် ဟိုတင်ဒီတင်မှ အိပ်တတ်တာ..." ဟုဆိုရင်း ခြေထောက်အား အမြန်ဖယ်ပေးလေသည်..
ခင်ဗျားလေးက ဟိုတင်ဒီတင်သာမဟုတ်ဘူး...
အဖက်ပါကြမ်းတယ်ပြောလိုက်ချင်ပေမဲ့ ... လူတွေရှိနေလို့မပြောဖြစ်တော့ပေ...
ကားပေါ်မှ ထုတ်တွေချပီး check it ဝင်တော့ မှူးလေးနဲ့ ကျွန်တော်တစ်ခန်းတည်းဆိုတော့ ... ကျွန်တော်ပျော်ပေမဲ့ မပျော်နိုင်ဖြစ်ရသည်... မျက်နှာလေးအား အမြဲမြင်နေရတာကို ပျော်ရပေမဲ့ မြင်သာမြင်ရ မကြင်ရဘဝနဲ့ တော့ မနေချင်မိ... ရှောင်လေ ထိပ်တိုက်တွေ့လေ ဖြစ်နေတာမို့ ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိဖြစ်ရလေသည်...
" အကို ကျွန်တော်အိပ်ဦးမယ်... အကိုရေအရင်ချိုး"
ကျွန်တော်ပြုံးလိုက်မိသည်... တစ်လမ်းလုံးအိပ်လာတာလဲသူပဲ.. အခုလဲကြည့်ဦး... အိပ်ယာပေါ်မှာကန့်လန့်ကြီးအိပ်နေတာက... လုံးဝမအိပ်ရသေးသည့်ပုံ
...ချစ်စရာကောင်းလိုက်တာကွာ...
ဆေးကူစရာမလို့ နှုတ်ခမ်းနီစွေစွေ အားအကြည့်ရောက်မိတော့ ရေငတ်သလိုလို... ကြီးဖြစ်လာသောကြောင့် ... ရေချိုးခန်းထဲအမြန်ဝင်လိုက်ရသည်....
" သွားပီ ငါရူးနေပီ....ခွေးပေါက်ကဘာမှမဖြစ်ဘူး... ငါပဲဂယောက်ဂယက်နဲ့"
ရေပန်းအောက်တွင် အကြားကြီးရပ်ပီး ရေချိုးလိုက်မှ လူကအနည်းငယ် လန်းလာရသည်....
ရေချိုးခန်းထဲက ထွက်လာပီး မှူးလေးရှိရာကြည့်မိတော့...ပါးစပ်လှုပ်စိလှုပ်စိနှင့် ဘာတွေဝါးနေမှန်းမသိ
ကျွန်တော်သူ့ဘေးနားတွင်ရပ်လိုက်ပီး နှုတ်ခမ်းလေးအား ငုံ့နမ်းလိုက်မိသည်...အစကတာ့ထိရုံလေးနမ်းလိုက်ပေမယ့် အခုတော့ သူ့နှုတ်ခမ်းဖျားမှ မခွာချင်တော့ပေ...အပေါ်တလည့်အောက်တလှည့်နှင့် နမ်းနေရင်း မှူးလေးအားကြည်လိုက်တော့ ကျွန်တော့အား တအံ့တသြကြည့်နေပီး ရုတ်တရက်တွန်းထုတ်ပစ်လိုက်လေသည်....
" ခင်ဗျားရူးနေလား... ဟား..... ယျောင်္ားအချင်းချင်းကိုဗျာ... ခင်ဗျာရွံစရာတော်တော်ကောင်းတာပဲ"
ကျွန်တော် အကို့အား နစ်နစ်နာနာပြောခဲ့ပီး ရေချိုးခန်းထဲပြေးဝင်လာခဲ့သည်... တုန်နေသည့်ရင်ဘတ်အားဖိထားရင်း ဘာပြောရမှန်းမသိ ဆွံ့အနေသည့်အကို့ပုံအား မြင်ယောင်လာမိသည်...
..............
ပြောရက်လိုက်တာ မှူးလေးရာ ငါ့ကို ရွံတယ်တဲ့လား
... အဟက်... ဒီလိုပြောသွားတာထက် ထိုးသွားတာမှ ခံနိုင်ဦးမည်.... သစ္စာမရှိသည့် မျက်ရည်က အလိုမတူပါပဲ စီးကျလာခဲ့သည်...
AD မင်း ကလေးကိုမေ့လိုက်တော့....သူက အဲလိုကောင်တွေကိုရွံတယ်တဲ့...... ဒါပေမယ့် ကလေးရယ်...
ကိုယ်က ယောင်္ကျားလေးတွေကိုချစ်တာ မဟုတ်ပါဘူး
မင်းမို့လို... မင်းမို့လိုချစ်မိသွားတာပါကွာ....
ဒါပေမယ့် မင်းမကြိုက်ဘူးဆို ... မင်းမကြိုက်တာဆို ကိုယ် လုံးဝမလုပ်တော့ပါဘူး... ဖွင့်ပြောမှာလဲမဟုတ်သလို  သိအောင်လဲ နောင်နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး... ကိုယ်ကတိပေးပါတယ်...
သူမကြားနိုင်ပေမယ့် ကတိတွေ ထပ်ခါထပ်ခါပေးနေမိသည်... ဒီအသက်ဒီအရွယ်ထိ ကိုယ့်ဘက်က ရင်ခုန်ရတဲ့ ရင်ခုန်ဘက်ဆိုလို့ မှူးလေးတယောက်သာရှိဖူးတာမို့...ခံစားရတာကတော့ မသက်သာပေ...

မင်းဖြစ်နေလို့ ( complete)Onde histórias criam vida. Descubra agora