Part-7

15.1K 1K 3
                                    

ကျေးငှက်တွန်သံများနှင့် ကျရောက်လာသော မနက်ခင်းအစတွင် ကျွန်တော်သည် ခေါင်းတစ်ခုလုံး
ကိုက်ခဲခြင်းများနှင့်အတူ နိုးထလာလေသည်....

" ကျွတ်.... ငါတော့ဖျားပီလားမသိဘူး"

အခုကမနက်လင်းစဆိုတော့ အလင်းရိပ်တောင်သေချာ မသဲကွဲသေးပါ....

မှူးလေးကိုကြည့်လိုက်တော့ ကွေးကွေးလေးနဲ့ အိပ်နေရှာလေသည်....

အားနာပေမဲ့ ခေါင်းကမခံမရပ်နိုင်အောင် ကိုက်ခဲနေတာမို့ " မှူးလေး.....ကလေး ထပါဦး"

ပုခုံးလေးကို နှစ်ချက်လောက် ပုတ်လိုက်တော့
အင်း အဲ နှင့်နိုးလာသော မှူးလေး....
အိပ်ချင်မူးတူး ပုံစံလေးတောင် ဘာလို့ အဲလောက်ချစ်ဖို့ကောင်းရတာလဲကွာ....

ကြည့်ပါဦး....မျက်လုံးကဖောင်းဖောင်းလေး
နှုတ်ခမ်းဆို ဘယ်အချိန်ကြည့်ကြည့်ရဲနေတာပဲ,...
ကြည့်ရင်းနဲ့ အသဲတွေ ယားလာတာမို့
အမြန် မျက်လုံးလွှဲလိုက်ရလေသည်...
" ဘာလဲဟင်...လူကိုနှိုးပီး ကြောင်ကြည့်နေတာ"

ဟုတ်ပါရဲ့ ကိုယ့်မှာ မနက်စောစောစီးစီး မှူးလေးကို ကြည့်ပီး မဟုတ်တရုတ်တွေ တွေးနေတာ ခေါင်းကိုက်တာတောင် မေ့သွားတယ်
"ငါ ခေါင်းအရမ်းကိုက်နေလို့   ဆေးရှိလားဟင်"

မှူးလေး ငေါက်ခနဲ ထထိုင်ပီး
နဖူးလေးအား လက်ဖဝါး အိအိလေးဖြင့် လာစမ်းလေ
သည်
" ခင်ဗျား ကိုယ်တွေပူနေတာ ဖျားပီထင်တယ် ခဏလှဲနေဦ"
ဆိုပီး ကုတင်ပေါ်ကဆင်းသွားလေသည်....

ခဏနေတော့ ဆေးသေတ္တာလေးယူပီး ဝင်လာလေသည်...
" ဒီမှာ ဆေးသောက်လိုက်နော်" ဟုဆိုကာ စားပွဲပေါ်တွင် တင်ထားသော ရေဗူးထဲမှ ရေအား ဖန်ခွက်ထဲထည့်ပီး ဆေးတိုက်လေသည်....
" ကိုယ်အရမ်းပူနေတယ်....ငါဘာလုပ်ပေးရမလဲ....ဟာ သိပီ"
ဆိုပီး ရေချိုးခန်းထဲ ဝင်သွားသော မှူးလေး....

ပြန်ထွက်လာတော့ ရေခွက် နှင့် ပုဝါလေးပါလာသည်...
နဖူးပေါ် အေးစက်စက်အထိအတွေ့လေးက လူကိုလန်းဆန်းစေသည်....ထိုအပြင် မှူးလေးရဲ့ နီးကပ်လှသောဝင်သက်ထွက်သက်က AD ရဲ့ ပါးပြင်ပေါ် အားတိုက်ရိုက်ထိတွေ့နေတော့ AD တစ်ယောက် ပူရှိန်းရှိန်းကြီးဖြစ်လာလေသည်...

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now