Part-5

16.4K 1K 4
                                    

မှူးလေးတစ်ယောက် အိပ်ခန်းထဲ ခေါက်တုံ့ ခေါက်ပြန်လျှောက်ရင်း ညအိပ်ရမှာ ရင်လေးနေလေသည်...

ဟိုက သူတို့ဘာသာ သူတို့ Hotel မှာနေပါမယ်ဆို
မေမေတို့က အမလေး မိမိရယ် ငါ့အိမ်ရှိတာတောင် Hotel မှာတော့ မတည်းခိုင်းနိုင်ပါဘူး ဆိုပီး ဒေါ်မိမိတို့ သားအမိကိုဆွဲထားလေသည်....

သိတာပေါ့ မေမေက ကိုကြီးနဲ့ အမ Grace ကိုရင်းနှီးအောင်လို့ တမင်ဂွင်ဆင်တာ..."ဟူး"
သူ့မှာသာ သက်ပြင်းကြီးပဲ လှိမ့်ချနေရတာ...

မေမေပေါ့ အိမ်မှာက အခန်းပိုက ၂ ခန်းပဲရှိတာ
ကို ... တစ်ခန်းက အန်တီတို့ လင်မယားအတွက်... နောက်တစ်ခန်းက အမ Grace အတွက်တဲ့
AD လေးကတော့ သားငယ်နဲ့ နေပေါ့တဲ့ အစီအစဉ်တွေချသွားတာ ကိုယ့်မှာသာ... ကိုယ့်အပြစ် ကိုယ်ပဲသိတာမို့ ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းကို မသိတော့ဘူး

အဲလူကြီးကလဲ စတွေ့တုန်းကတော့ အဟုတ်
ချစ်စရာလေး ဘာလေးနဲ့  အခုကျတော့သူမဟုတ်တဲ့အတိုင်း.... သူကလဲသူပဲ   ဘာမှမဟုတ်တာကို တွေ့ကရာနဲ့ကောက်ထုစရာလား ... ငါနော်ဆိုပီး
ခေါင်းကို နံရံနဲ့ မနာအောင် တဒိန်းဒိန်းနဲ့ တိုက်နေမိသည်....

"တစ်ခါတည်း နံရံနဲ့ ခေါင်းတိုက်ချလိုက်ပါလား"

ဘယ်အချိန်ကတည်းက အခန်းထဲဝင်လာမှန်းမသိဘဲ စကားသံထွက်လာလေသည်..

" ကျွတ်... ကြည့်တောင်းပန်ချင်စိတ်မရှိအောင် ရန်စကားတွေလာပြောနေတာ ဒီလူတော့"

မှူးလေး ပွစိပွစိနဲ့ ပါးစပ်လှုပ်ရုံလေးသည်းလိုက်သည်....
သူကတော့ ရေချိုးအခန်းထဲ သူအပိုင်ကျနေတာပဲ ကော့တော့ ကော့တော့နဲ့ဝင်သွားတာ အမြင်ကို ကပ်တယ်....

AD တစ်ယောက် နေ့လည်က လင်ဗန်းနဲ့ ရိုက်တဲ့ ကိစ္စမှာ တော်တော် အစာမကျေ ဖြစ်မိသည်...
သူ့ဘဝမှာ သူများဆော်တာ တခါမှ မခံရဘူးပါ
တစ်ခုခုဆို သူကအရင် ဆော်ထည့်လိုက်တာပဲရှိသည်.. ဒီကလေးစုတ်ကျမှာ ...

မျက်နှာအရင်သစ်ရန် Basin အနားရောက်လာတော့
မျက်နှာသစ်ဆေးနှင့် သွားတိုက်တံကို ကြည့်ပီး AD တစ်ယောက် ရယ်မိလေသည်... အကြောင်းမှာ
ဝက်ဝံရုပ်လေးပါတဲ့သွားတိုက်တံ နဲ့ Baby mild မျက်နှာသစ်ကြောင့်ဖြစ်သည်...အဲဒါကြောင့်လားမသိ အဲကလေးစုတ်အသားအရေက ကလေးလိုဝင်းပီးလှနေတာ .... AD တယောက်ရေချိုးပီးပြန်ထွက်လာတော့...

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now