Part-33

11.4K 808 5
                                    

ကျွန်တော်တို့နှစ်ယောက်စပီးခွဲခွာရကတဲက
ကလေးသည် သူ့အိပ်မက်အတိုင်း ကော်ဖီဆိုင်လေး
ဖွင့်ဖို့အရေး ဘန်ကောက် မှာ သင်တန်းတွေလိုက်တက်ပါတော့သည်..... ပိုးဥက Hotel မှအလုပ်ထွက်
လိုက်ပီး ကလေးနှင့်အတူ မုန့်လုပ်သင်တန်းမျိုးစုံ
လိုက်တက်ပေးပါတော့သည်.... သိပ်ချစ်ကြတဲ့
သူငယ်ချင်းလေးတွေ....

ကျွန်တော်ကလား.... အရင်က Part Time ပဲလုပ်
သော ကျွန်တော်သည် အခုဆို Hilton Hotel
တစ်ခုမှာ Management အပိုင်းတွင် အလုပ်ဝင်လုပ်
နေပီဖြစ်သည်..... အရင်က Hotel သင်တန်းတွေ
တက်ထားဖူးတဲ့အပြင်... Hotel တွေမှာလုပ်တဲ့
Event ပွဲလေးတွေမှာ Part Time အနေ နှင့်လိုက်
လုပ်ဖူးထားမို့  ကိုယ့်ကို သူတို့ကသိနေကြပီလေ...
ဒါကြောင့်မို့လဲ အလုပ်ကို သိပ်ရှာစရာမလိုဘဲ.....
တစ်လအတွင်းအလုပ်ရလေသည်........

တဖက်ကလဲပြင်ဦးလွင်မှ မြေအား အမေ့ဆီက ဝယ်ဖြစ်လိုက်သည်...... ငွေကတော့ တစ်ဝက်ပဲအရင်ပေးထားလိုက်သည်.... အပြည့်ပေးနိုင်ပေမယ့် ပေးလိုက်ရင် နောက်ထပ်လုပ်မည့်အရာတွေ ဆက်မလုပ်နိုင်ဘဲရပ်
ထားရလိမ့်မည်..... အဆောက်အဦးတစ်ခုဆောက်လျှင် Under Construction  အဆင့်မှာတောင် တစ်နှစ်လောက် အချိန်ယူရသည်မို့.... ပိုက်ဆံရှိမှ ထလုပ်လို့မရပေ...ထိုကြောင့် လက်ရှိ ရှိနေသော အိမ်နှင့်မြေအား...... မြန်မာနိုင်ငံမှ နာမည်
ရ နိုင်ငံခြား construction တစ်ခုနှင့် ချိတ်ဆက်ကာ
ဖြိုဖျက်စေပီး...... Basement အပိုင်းကိုစပီး
Run ရပါတော့သည်....Hotel တစ်ခုဆောင်ဖို့
အချိန် အနည်းဆုံး ၂ နှစ် လောက်အချိန်ယူရသည်...
အဲဒါတောင် လူအားငွေအား ရင်းနှီးနိုင်မှ.... Decision မြန်မှဖြစ်လေသည်........

တစ်ဖက်မှာလဲ.... Archi Company နှင့်ချိတ်ဆက်ကာ
Design ပိုင်းကို ကိုယ်လိုချင်တဲ့ပုံစံမျိုးရောက်အောင်
ပြောပီး design ဆွဲခိုင်းရသည်.....
ကိုယ့်ရဲ့အဓိက Target က နိုင်ငံခြားသားတွေမို့
အဆောက်အဦး Design ကို မြန်မာ့ယဉ်ကျေးမှု
တွေလွှမ်းမိုးစေချင်တာမို့.... Design team ကို
Myanmar Culture တွေထည့်ဆွဲပေးဖို့ မှာရသေး
သည်..... အခက်အခဲဖြစ်တာတစ်ခုက လိုချင်တဲ့ ပုံ
စံကို Email နဲ့ပဲချိတ်နေရတော့ နှောင့်နှေးမှုလေးတွေ
နားလည်မှုလွဲတာလေးတွေက လွဲရင်ကျန်တာအဆင်
ပြေပါသည်.....ငွေကိုလဲအလုပ်စအပ်ပီဆိုကတဲက
30% deposit ပေးရတာမို့ Online Banking system
နှင့်ပင်ငွေချရသည်.....

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now