Part-34

11.2K 722 10
                                    

ဒီလိုနဲ့ပဲရာသီတွေအလီလီပြောင်းလဲလာခဲ့တာ
အခုဆို ၂ နှစ်တောင်ရှိခဲ့ပီ....
ကျွန်တော်သည် အကို့ကို တစ်ရက်လေးမှမေ့လို့မရခဲ့
ပေ....  တွေ့ရမဲ့ရက်နီးလာလေလေ.... ပိုပီးလွမ်းလာ
လေလေ တွေ့ချင်လာလေလေ ..
ဒီလိုဖြစ်နေသည့်စိတ်ကို
လဲ အတင်းချိုးနှိမ်ထားရသည်...

ဖြစ်နိုင်ရင်ကျွန်တော်သည် US အားလိုက်သွားချင်မိသည်.... VISA လျှောက်ရမှာ အလုပ်ရှုပ်၍သာ ငြိမ်နေရ
ခြင်းဖြစ်သည်...  သံရုံးက ဟိုဟာတောင်းဒီဟာတောင်းနဲ့ အိမ်ကချက်ချင်းရိပ်မိမှာသေချာသည်....
ဘန်ကောက်တို့ Singpore တို့ဆို
လိုက်သွားမိမှာသေချာသလောက်ပင်..

အခုဆို ကျွန်တော့ Coffee shop လေးလဲ နာမည်ရ
နေပီ.... Booking တန်းစီပီး စောင့်ရတဲ့ထိအောင်
လူစည်ကားကာ ရောင်းကောင်းနေပီဖြစ်သည်.....

စောင့်နေရသူတွေ မပျင်းရအောင် ကျွန်တော့
ခြံထဲတွင် ဓာတ်ပုံရိုက်ရန် Decoration တွေ အများ
ကြီးလုပ်ထားပေးသည်မို့ စိတ်ရှည်လက်ရှည်စောင့်ကြ
လေသည်.....

နောက်တစ်ခုက ကြော်ငြာစရာမလိုအောင်ကို စားသုံး
သူတွေက ဓာတ်ပုံရိုက်ကာ Social Media ပေါ်တင်
ပီး ကော်ဖီဆိုင်လေး သိပ်လှတယ်... မုန့်လေးတွေ
စားလို့ကောင်းတယ်... ကော်ဖီသောက်လို့ကောင်း
တယ် စသည့် Caption အမျိုးမျိုးတပ်ကာ Post တွေတင်ကြသောကြောင့် လူပိုသိလာရသည်....

အကိုကတော့ ကျွန်တော့အစား အရမ်းဝမ်းသာနေလေ
သည်....
ကျွန်တော့ဆိုင်လေး အောင်မြင်နေခြင်းသည်
အကို့ရဲ့အကြံပြုချက်တွေ အများကြီးပါသောကြောင့်
ကျေးဇူးတင်တဲ့အနေနဲ့ ဘာလုပ်ပေးရမလဲမေးတော့
အကိုသည် ခေါင်းပဲခါပြလေသည်....

" ကလေးအဆင်ပြေနေရင်ကို ကျေနပ်နေပါပီတဲ့"

အခုလိုခွဲနေရချိန်မှာ ကျွန်တော်သိလာတာတစ်ခုက
အကိုသည် အရမ်းကလေးဆန်ခြင်းပင်ဖြစ်သည်...
ကျွန်တော့ကို လွမ်းလို့တဲ့ ကွန်ပျူတာကြီးရှေ့တွင်
ခေါင်းမှောက်ချပီးလဲငိုတတ်သည်....  ကျွန်တော့မျက်နှာကို Screen နားကပ်ခိုင်းကာ အနမ်းတွေလဲ
ပေးတတ်သေးသည်.....
လွမ်းတယ်ဗျာ.... အခုရော ဘာတွေများလုပ်နေမလဲ...

မင်းဖြစ်နေလို့ ( complete)Donde viven las historias. Descúbrelo ahora