Part-10

15.2K 913 5
                                    

****Chatrium Hotel ပုံလေးတင်ပေးထားတယ်နော် စာဖတ်ရင်းမျက်လုံးထဲပေါ်အောင်လို့ပါ****

အဝတ်အစားလဲပီးတော့ ဂိုဒေါင်ထဲမှ ကားအားသွားထုတ်လိုက်ပီး... အကိုကို ကားပေါ်ကပဲစောင့်နေလိုက်သည်... ဒီ Mini Cooper ကားလေးကို ကျွန်တော်အရမ်းသဘောကျလွန်းလို့ ကျောင်းနောက်ဆုံးနှစ်မှာ ဖေဖေ့ကို မရမက ပူဆာထားရတာ...

 ဒီ Mini Cooper ကားလေးကို ကျွန်တော်အရမ်းသဘောကျလွန်းလို့ ကျောင်းနောက်ဆုံးနှစ်မှာ ဖေဖေ့ကို မရမက ပူဆာထားရတာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အစကတော့ ဝယ်မပေးချင်ပေ ... ကိုကြီးဝင်ပြောပေးမှ
နောက်ဆုံးဝယ်ပေးခြင်းဖြစ်သည်...
အကြောင်းမှာ ကျွန်တော်ကားမောင်းတာ စိတ်မချလို့ဟုဆိုသည်....

ပထမနှစ်တွေ တက်တုန်းက ဖေဖေ တလှည့် အကိုကြီးတလှည်း ကျောင်းပို့ ကျောင်းကြိုလုပ်ပေးတာ....
နောက်ဆုံးနှစ်တော့ ကားလေးမောင်းပါရစေဆိုပီး
ထမင်းမစား ဆန္ဒတွေပြမှ ရလာတဲ့ကားမို့
အရမ်းတန်ဖိုးထားရလေသည်....

အိမ်ထဲမှထွက်လာသော AD အားကြည့်မိတဲ့ခဏ
မင်သက်သွားရလေသည်...
အထက်အောက် အနက်ဝမ်းစက်ဝတ်ထားပီး
နေကာမျက်မှန်ကလဲ အနက်ဆိုတော့ ဖြူသော အသား
အရေနှင့် လိုက်ဖက်တင့်တယ်နေလေသည်.....

ကိုယ့်ပုံစံပြန်ကြည့်တော့ အဝါရောင်ဘောင်းဘီအတို
ကို အဖြူ T- shirt နဲ့တွဲဝတ်ထားသော ...
ဘာ ဆွဲဆောင်မှုမှမရှိသည့် ကိုယ်အဖြစ်ကို အားမလို
အားမရဖြစ်မိသည်....

အဲဒါကြောင့် ဟိုမိန်းမတွေငါ့ကို ယောင်္ကျား တကာ နဲ့ဆွဲစိချင်နေတာ နေမှာ...

"ဟူး... သူ့လိုမျိုး ခပ်မိုက်မိုက်ဖြစ်ရင် ဘယ်လောက်
လိုက်မလဲ...အခုတော့"

" ဟေ့ ဘာဖြစ်နေတာလဲ... မျက်နှာက စပရိန်ကျနေတာပဲ..."

" ဘာမှမဖြစ်ဘူး... သွားမယ်တက်"

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now