3

795 64 8
                                    

ညက Chanyeolရဲ့ ကောင်းမှုကြောင့် မနက် 10:00 လောက်မှပဲ မျက်လုံးဖွင့်နိုင်တော့သည်။

ဒီအချိန်မှ နိုးရလားဟ သွားပါပြီ အတန်းတစ်ချိန်တော့ လွတ်ပြီ။

စိတ်ပျက်လက်ပျက်နဲ့  Chanyeol ဆီ message တစ်စောင်လှမ်းပို့လိုက်တယ်။

messageပို့ပြီးတာနဲ့ ရေချိုးဖို့အတွက်ရေချိုးခန်းထဲ ဝင်လိုက်ပြီး  နာရီဝက်ခန့် အကြာမှာတော့ အပြင်သွားဖို့ အတွက် readyဖြစ်နေပါပြီ။

အပြင်သွားပြီး ပြန်​လာ​တော့ သတိဝင်လာတာနဲ့ Chanyeol ပြန်ပို့တဲ့ Mgs ကြည့်ဖို့ ph screen ဖွင့်လိုက်တော့ အကြီးအကျယ် စိတ်ပျက်သွားသည်။

Chanyeolဘက်ကပြန်ပြီး reply လုပ်မထား။

ဒီကောင်တော့ကွာ ချစ်ရမဲ့သူပေါ်လာရော ချက်ချင်းကို ငါ့ကို ခေါက်ထားတော့တာပဲ

ဒီအချိုးမျိုးလာချိုးလို့မရဘူးPCY

ဒေါသထွက်လာပြီး ချက်ချင်း Chanyeolဆီကို ဖုန်းလှမ်းခေါ်လိုက်တော့ ဘယ်လောက်ခေါ်ခေါ် လူကြီးမင်းနဲ့ တိုးနေပြီး စိတ်မရှည်တော့တာနဲ့ဖုန်းကို နံရံဆီပစ်ပေါက်လိုက်သည်။

အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ဖုန်းကို စိတ်ပျက်လက်ပျက်ကြည့်နေပြီး အခုထိ အခဲမကျေနိုင်။

"ဒီကောင် ဘာတွေများရှုပ်နေလို့  အခုထိ ဖုန်းက မအားနိုင်ရတာလဲ "

မကျေမနပ်ရေရွတ်ပြီး အပြင်ကိုပြန်​ထွက်လာခဲ့သည်။
တစ်နေကုန် Chanyeolကို စိတ်ဆိုးပြီး ကျောင်းမသွားပဲ အပြင်မှာ ပြသနာပေါင်းစုံရှာပြီးမှ အိမ်ကိုပြန်လာခဲ့တာ အိမ်ရောက်ရောက်ချင်း ommaက နောက်ကျလိုက်တာ သားရယ်လို့ ပြောတာကို ပြန်မဖြေပဲ မကြားချင်ယောင်ဆောင် ပြီး အခန်းထဲ ဝင်လာခဲ့သည်။

Chanyeolဆိုတဲ့ကောင် မင်းကို  ငါ တော်တော်တင်းနေပြီနော်။

အခန်းထဲရောက်တာနဲ့  ပစ်ခွဲထားတဲ့ phoneကတော့ ရှိမနေတော့။

Omma အခန်းကို သန့်ရှင်းရေး လုပ်ပေးထားတယ် ထင်ရဲ့ ဖုန်းအသစ်တစ်လုံးက စားပွဲပေါ်မှာ အဆင်သင့် သူ့သခင်ကို စောင့်နေပုံ။

RED TEAR ( Completed )Where stories live. Discover now