25

425 41 4
                                    

ဓားနှင့် ခုတ်ပိုင်းခံထားရလို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ သူ့ဝက်ဝံရုပ်ကြီးရဲ့ အပိုင်းအစတွေကို ကောက်ကိုင်ရင်း ကျနော့်ကို အပြစ်​တင်​သလို စူးစိုက်​ကြည့်​​နေသူ

"ငါ့အမြင်​​တော့ မင်းအရုပ်​နဲ့ အချိန်​ဖြုန်း​နေရမဲ့ အရွယ်​မဟုတ်​​တော့ဘူးမလား"

"ငါ့မှာ ရင်​ဖွင့်​စရာဆိုလို့ သူပဲရှိတာပါ ဘယ်​သူမှ နားမ​ထောင်​ချင်​တဲ့ ငါ့အ​ကြောင်း​တွေ အမြဲနား​ထောင်​​ပေးတတ်​တဲ့သူ..သူက မင်းကို ဘာလုပ်​​နေလို့လဲ"

" နားငြီးလိုက်တာ အခုချက်ချင်း မင်းမျက်ရည်တွေကို သုတ်လိုက်... ဒီအရုပ် မရှိတော့တာ ငိုစရာလား...ဘာလို့ အသက်​မရှိတဲ့အရုပ်​ကို လူတစ်​​ယောက်​သတ်​ထားသလို လာ​ပြော​နေတာလဲ"

အစထဲက ငါဒီလိုလုပ်​တာ မမြင်​ချင်​ရင်​ မင်းအ​နေအထိုင်​ ဆင်​ခြင်​သင့်​တာ မဟုတ်​ဘူးလား

အခု​တော့ ဖြစ်​ပျက်​​နေတာ အရုပ်​တစ်​ရုပ်​ပျက်​စီးတာနဲ့မတူပဲ လူတစ်​​ယောက်​​သေသွားသလို အသုဘလာငို​နေတဲ့ မျက်​နှာနဲ့ ကျက်​သ​ရေကို မရှိဘူး

" မင်းအမြင်​​တော့ သူက အရုပ်​​ပေါ့ ..အရုပ်ဆိုပေမဲ့ ငါဘယ်တုန်းကမှ အရုပ်လို့ သဘောမထားခဲ့ဖူးဘူး ...ဒါက လွန်​ခဲ့တဲ့ဆယ်​နှစ်​က ငါ့မိဘ​တွေဆီက ငါ​နောက်​ဆုံးရခဲ့တဲ့ ​မွေး​နေ့လက်​​ဆောင်​ပဲ..သူတို့အစား ငါ့​ဘေးရှိ​နေ​ပေးတဲ့ တစ်​ခုတည်း​သော ကိုယ်​ပွား​.. မင်းအရမ်းရက်စက်တယ် ... အမြဲတမ်း ငါ့ဘက်ကို ပြန်ကြည့်မပေးဘူး မင်းဖြစ်ချင်တာတွေကို မင်းလုပ်ချင်သလို လုပ်တယ်"

သူ့မိဘတွေပေးထားတဲ့ မွေးနေ့လက်ဆောင်တဲ့လား

ဒီတိုင်း Sehun နှင့်​ Lay တစ်​​ယောက်​​ယောက်​ ၀ယ်​​ပေးထားတယ်​ ထင်​ခဲ့မိလို့

အရုပ်​အပိုင်းအစ​တွေကို ​ကောက်​ယူ​နေပြီး ​အော်​ဟစ်​ ငို​ကြွေး​နေသည့်​ သူ့ကို ဘယ်​ကစပြီး နှစ်​သိမ့်​ရမည်​မသိသည့်​ အဆုံး

" တော်တော့ကွာ တိတ်တော့ "

" ဘာလို့လဲ ငါ့ကို မုန်းတာနဲ့ပဲ ဒီအရုပ်ကို ဒီလောက်ထိ လုပ်ဖို့ လိုအပ်လို့လား "

RED TEAR ( Completed )Where stories live. Discover now