22

415 43 1
                                    

အတန်းထဲကို ဝင်မလို့လုပ်တော့
ရှေ့ကနေ ပိတ်ရပ်ထားပြီး
" Chanyeol ... ငါပြောတာလေး နားထောင်"

သူ့စကားကို ဆုံးအောင်နားမထောင်ပဲ ပိတ်နေတဲ့ သူ့ကို တွန်းဖယ်လိုက်တော့

" ဝုန်း " ဆိုသော အသံနဲ့အတူ သူက အပေါက်ဝရှေ့လဲကျသွားတယ်

တစ်ကယ်ပါ စိတ်ရှုပ်ပါတယ် တွန်းလိုက်တာ ဒီလောက်ထိလည်း အားမပါပါဘူး...သူကိုက အသုံးမကျတာ

အမြဲတမ်း သူ့အပေါ် ကြင်နာတတ်ပြီး
အခုမှ ရုတ်တရက် အမူအယာတွေ ပြောင်းနေတဲ့ ကျနော့်ကို အတန်းသားတွေက ဝိုင်းကြည့်နေကြတယ်

" ဘာကြည့်တာလဲ မင်းတို့နှင့် ဘာဆိုင်လို့လဲ
သူများအကြောင်း လိုက်စပ်စုချင်ကြတာ ဘယ်လိုဟာတွေမှန်းမသိဘူး"

ကြည့်နေတဲ့ ကျောင်းသားတွေကို မာန်မဲပြီး ထိုင်ခုံဆီသို့ လျှောက်လာကာ လွယ်အိတ်ကို စားပွဲပေါ် ဘုန်းကနဲ ပစ်ချလိုက်ရင်း ဆောင့်ထိုင်ချလိုက်တယ်

တစ်ခန်းလုံး ထိတ်လန့်တုန်လှုပ်သွားကာ
အပ်ကျသံတောင် မကြားရတော့တဲ့ အထိ တိတ်ဆိတ်သွားသည်။

ငြိမ်သက်နေသော အတန်းကို ဖြိုခွင်းလိုက်သော အသံတစ်ခု

" Kyung Soo မင်းဘာလို့ ဒီနေရာမှာလဲကျနေတာလဲ ... ဘာဖြစ်လို့လဲ"

အသံလာရာ ကြည့်လိုက်တော့ Lay ဖြစ်နေတယ်

ကြည့်ရတာ ခုနက သူအခန်းထဲရှိမနေလို့
ဘာမှသိလိုက်ပုံမပေါ်

" ငါလား ဘာမဖြစ်ပါဘူး ... ဒီတိုင်းလဲကျ"

Lay ကို လိမ်ပြောဖို့ လုပ်နေတဲ့ သူ့စကားမဆုံးခင်

" ငါတွန်းချလိုက်တာ ... ဘာဖြစ်လဲ ... အဲဒီတော့ မင်းက ဘာလုပ်ချင်လဲ"

သူ့အစား ဖြေပေးလိုက်တယ်

Lay မျက်နှာ​က မယုံကြည်သလိုနဲ့
" တစ်ကယ် မင်းလုပ်တာလား" ဆိုပြီး ပြန်မေးလာသည်​။

" အေးလေ... ငါလုပ်တာ ... ငါ့ရှေ့လာပိတ်ရပ်နေလို့ "

ဘာမှအထူးအဆန်းမဟုတ်သလို ပြန်ပြောလိုက်​တော့

" တောက်... Chanyeol မင်း ဒါဘာအရူးထတာလဲ ... သူ့ကို မင်းပဲ ချစ်တယ်ဆိုပြီး အနားခေါ်ထားတာ မဟုတ်ဘူးလား...အခုမှ ဒါဘာအချိုးချိုးတာလဲ"

RED TEAR ( Completed )Where stories live. Discover now