15

482 50 8
                                    

ဒီနေ့ အရင်နေ့တွေကထက်စောပြီး ကျောင်းကို ရောက်လာခဲ့တယ်

အကြောင်းရင်းကတော့ မနေ့က Hunnie ဆိုတဲ့ကောင်နဲ့ရန်ဖြစ်လို့ DD ဆိုင်ထဲကနေ နှင်ထုတ်ပြီး မနက်ဖြန်မှ တွေ့မယ်ပြောထားလို့ ဒီလောက်ထိ ဝီရိယကောင်းနေတာ။

ခဏကြာတော့ DD ကျောင်းထဲကို ဝင်လာတာမြင်တာနဲ့ ချက်ချင်း သူ့အနားကို ပြေးသွားရင်း

" ဒီနေ့စောတယ်နော် "

" ဘာမစောဘူး နေ့တိုင်း ဒီအချိန်လာနေကြပဲ "

မျက်နှာကြီးကစူပုပ်နေပြီး ဘုကလန့်ပြောနေပုံက ကျနော့်ကို စိတ်ဆိုးပြေသေးဟန်မတူ။

"စိတ်ဆိုးနေတာလား"

" မဆိုးဘူး"

ဒီကလေး မလိမ်တတ်ပဲ လိမ်ပြန်ပြီ။

" မဆိုးဘူးသာ ပြောတယ် မျက်နှာကြီးကလည်း"

" မျက်နှာက ဘာဖြစ်လဲ ဆက်ပြော"

ကျနော် ဘက်ဆက်ပြောရမှန်းမသိ။

အိုးတိုးအန်းတန်းဖြစ်သွားရင်း ကလေးလေးလို ချစ်ဖို့ ကောင်းနေသည့် ကောင်လေးကို ကြည့်ရင်း အူယားလာမိသလို ... စိတ်ဆိုးနေသည်မလို့ ချော့ရမယ်သိသော်လည်း ဘယ်က စချော့ရမယ်မသိ။

"ကစားကွင်း သွားမလား"

သူကြိုက်တတ်တာ သွားချင်တာတွေနဲ့ မြူဆွယ်ကြည့်တယ်။

သူက လျှောက်လည်ရတာ နှစ်သက်သည်လေ။

" မသွားဘူး"

နည်းနည်းတော့ စိတ်ဓာတ်ကျသွားသလိုလို ရှိလာသည်။

ရည်းစားမထားဖူးလို့ ချော့နည်းမကျွမ်းကျင်။

"ရုပ်ရှင်သွားကြည့်မလား ဇာတ်ကားသစ် တင်ထားတယ်တဲ့"

" မကြည့်ဘူး မျက်စိညောင်းတယ်"

"DD ကလည်း စိတ်မဆိုးပါနဲ့ နောက် DD မကြိုက်တာ မလုပ်မိအောင် နေပါ့မယ် အခုလို စိတ်ကောက်နေတော့ မနေတတ်တော့ဘူး"

" ဘယ်သူက ကောက်နေလို့လဲ "

သူပဲကောက်နေပြီး သူပဲပြန်အော်တယ်။

သူကိုယ်တိုင် မကောက်ဘူးချည်း ပါးစပ်ကသာငြင်းနေတာ မျက်နှာက မှုန်ကုတ်လို့ အေးတိအေးစက်နဲ့။

RED TEAR ( Completed )Where stories live. Discover now