8

540 49 2
                                    

ကားကို ထုတ်ပြီး ကျောင်းသွားမယ်လုပ်တုန်း တစ်ဖက်ခြံက Kyung Sooကို မြင်လိုက်တော့ ကားနဲ့ကျောင်းသွားဖို့အတွက် မလုပ်တော့ပဲ စိတ်ကူးတစ်မျိုးပြောင်းသွားခဲ့သည်။

နောက်တော့  ညနေခင်းတွေ လေညှင်းခံရင် စီးဖို့ဝယ်ထားတဲ့ စက်ဘီးအနီရောင်လေးကို ထုတ်လာပြီး သူ့ရဲ့ ခြံရှေ့ကိုပဲ ထွက်လာဖြစ်ခဲ့တယ်။

သူလည်း ခြံတခါးကိုဖွင့်ဖွင့်ချင်း ကျနော့်ကို စက်ဘီးနှင့်အတူတွေ့လိုက်ရတော့

" ဒီစက်ဘီးကြီးက "

အံ့သြသွားတဲ့ပုံစံနဲ့ မေးလေတော့သည်။

ဒါပေါ့ စက်ဘီးနဲ့ဘယ်သူမှ ဒီလိုကျောင်းမျိုးကိုမသွားတော့ ထူးဆန်းနေမည်ပေါ့။

" ကျောင်းကို လူတိုင်း ကားတွေနဲ့ လာကြတာမလား ဒီတော့ အမြင်ရိုးနေပြီ တစ်ခါတစ်လေ ဘေးအမြင် အပြောင်းလဲ ဖြစ်တာပေါ့"

ပြောလိုက်ရင်း သူ့ကို မျက်စပစ်ပြကာ တက်ဆိုပြီး စက်ဘီး နောက်က ခုံကို ပုတ်ပြလိုက်တယ်

"တင်နင်းမလို့လား"

မယုံတဝက် ယုံတဝက်နဲ့ မေးလာတဲ့သူ့ကို ဘာပြန်မပြောပဲ ခေါင်းညိမ့်ပြလေတော့ နောက်ခုံမှာ ဝမ်းသာအားရ လာထိုင်လေရဲ့။

တွေ့ကြသေးတာပေါ့ Do Kyung Soo။

မင်းကို ဘာအတွက်နဲ့ ငါ့စက်ဘီးနောက်ကနေ တင်ခေါ်လာခဲ့သလဲဆိုတာ မကြာခင်သိစေရပါမယ်။

လမ်းတစ်ဝက်အရောက် ကြိုတင်ကြံစည်ထားသည့်အတိုင်း

" အားးး......... " ရုတ်တရက်ကြီး နာကျင်လို့ အော်သလိုမျိုး အော်လိုက်တော့

" Jongin ဘာဖြစ်တာလဲ "

စက်ဘီးနောက်ကနေ စိုးရိမ်တကြီးနဲ့ မေးလာသည့်သူ့ကြောင့်

" ခြေထောက်က ရုတ်တရက်ကြီး နာလာလို့ "

နာကျင်လွန်းလို့ အားတင်းပြောနေရသလို ပီပြင်လှသည့် ကျနော့်ရဲ့ သရုပ်ဆောင်မှုအဆုံးမှာ

"ဟင် …ဘယ်လိုလုပ်မလဲ  … အရမ်းနာနေတာလား…"

ညည်းညူလိုက်သောသူ့အသံက ကျနော့်အတွက် ဘယ်လောက်စိတ်ပူနေသလဲ အသိသာကြီး ပေါ်လွင်လို့။

RED TEAR ( Completed )Where stories live. Discover now