13

521 48 1
                                    

ကြိုးစားပြီးအိပ်နေပေမဲ့ အိပ်ရာပေါ် ဟိုလှိမ့် ဒီလှိမ့်နဲ့ လုံးဝအိပ်လို့မပျော်။

သူနဲ့စတွေ့တဲ့နေ့တုန်းက သူ့အစား Cake မြည်းပေးမယ်ဆိုပြီး ရောက်လာတဲ့ Hunnie ဆိုတဲ့ကောင်ကို ဘာလို့ အဲဒီအချိန်တုန်းက အန္တရာယ်ရှိမှန်း မသိခဲ့မိပါလိမ့်။

ကျနော်ရော Chanyeolရော သူ waiter လုပ်နေတာနဲ့ ပတ်သက်ပြီး အကြောင်းရင်း ရှိရမယ်လို့ ဘာလို့မစဉ်းစားမိခဲ့တာလဲ...။

သူပြောတဲ့ အချိန်ပိုနေလို့ waiter လုပ်ချင်လို့ ဆိုတဲ့ စကားနဲ့တင် နောက်ထပ် မစဉ်းစားခဲ့မိတာလည်း ပါမှာပါ။

ခေါင်းရှုပ်လိုက်တာ ဘာလို့ သူ့အကြောင်းပဲ စဉ်းစားနေရတာလဲ။

နောက်တော့ ဘယ်လိုမှအိပ်လို့မရတော့တာနဲ့ သူ့အိမ်ဘက်ကို ထွက်လာလိုက်တယ်။

ခြံတံခါးက စေ့ရုံပဲစေ့ထားသည်မို့ တွန်းဖွင့်ဝင်လာပြီး အဝင်အိမ်မတံခါးရှေ့ရောက်မှ အောက်ကနေ တစ် ဘုန်း ဘုန်း ထုရိုက်ပြီး မကြာပါဘူး သူတံခါး လာဖွင့်သည်။

" အိပ်လို့မပျော်လို့ "

ကြောင်ပြီးကြည့်နေတဲ့ သူ့ကို ပြောလိုက်တော့မှ သူက အသိဝင်လာပြီး ကျနော့်ကို အိမ်ထဲ ဝင်ခိုင်းလိုက်ကာ

"Kaiက ဘာလို့ အိပ်မပျော် တာလဲ နေမကောင်းလို့လား" ဆိုပြီး နဖူးကို လာစမ်းတော့

ရင်ထဲ ...ဒိတ် ...ဒိတ် ...ဒိတ်... နဲ့ ခုန်နေတဲ့ ကိုယ့်ရင်ခုန်သံတွေကို ကိုယ် ပြန်ကြားလိုက်သည်။

အခု ရင်ခုန်နေတာလား…။

မဟုတ်ဘူး…အဲဒါ ရင်ခုန်တာ မဟုတ်ဘူး …လန့် ပြီး ရင်တုန်သွားတာ သူက သရဲထက်တောင် ပိုကြောက်ဖို့ ကောင်းသူမလို့ လန့်ပြီး ရင်တုန်သွားတာနေမှာပါ။

ကိုယ်ဖြစ်စေချင်တာကိုပဲ ဆွဲယူတွေးလိုက်ရင်း

" အိပ်ချင်တယ် "

သူ့ကိုသိုင်းဖက်ပြီး ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။

သူက ပြန်ထွေးပွေ့ထားရင်း

" ဒီနေရာကအေးတယ် အခန်းထဲ သွားရအောင်"

တံခါးကိုပြန်စေ့ပိတ်လိုက်ပြီး ကျနော့်ကို သူ့ရဲ့ အိပ်ခန်းရှိရာဆီ  ခေါ်သွားခဲ့တယ်။

RED TEAR ( Completed )Where stories live. Discover now