39

602 44 1
                                    

အရာအားလုံးပြီးဆုံးသွားခဲ့ပြီလား

မကုန်ခမ်းနိုင်သေးတာ​တော့ မျက်​ရည်​​တွေ ပြီး​တော့ သူ့ကိုချစ်​​နေဆဲ နှလုံးသား

ခြောက်ခြားဖွယ် အိပ်မက်ဆိုးတစ်ခု

ထားမသွားဘူး ကတိတွေပေးထားခဲ့သူပဲ

ဘာလို့များ ဒီအိပ်မက်ဆိုးကြီးထဲက ကျ​နော်​ ခုထိ မနိုးထနိုင်ရတာလဲ

ဒီပုံစံနဲ့ ကိုယ့်​ဘဝထဲက မင်းထွက်​​ပြေးသွားခဲ့မယ်​ဆိုတာသာ သိရင်​ ကိုယ်​လက်​ထပ်​ခွင့်​​တောင်းခဲ့မှာ မဟုတ်​ဘူး

မျက်ရည်စတွေကို မျက်တောင်တွေနှင့် ပုတ်ခတ်သိမ်းဆည်းရင်း ​ခြံတံခါးဝဆီ ​ခြေလှမ်း​တွေတိုးကပ်​လိုက်​ချိန်

" ဝုန်း "

လမ်းလျှောက်ဖို့ မပြောနဲ့ မတ်တပ်တောင်  မရပ်နိုင်တော့...
အားအင်ချိနဲ့နေတဲ့ ခြေထောက်အစုံက ကျ​နော့်​ကို လမ်းမထက်​ ရပ်တည်နိုင်စွမ်း မပေးတော့ပဲ အောက်​ကို ပြိုလဲကျစေခဲ့သည်​။

အားယူပြီးထနေပေမဲ့ ခန္ဓာကိုယ်မှာ အားအင်ဆိုတာ တစိုးတ​လေမျှ မရှိ​တော့​အောင်​ ကုန်ခမ်းနေခဲ့ပြီ။

အထဲကို ၀င်​ရမယ်​​လေ ..

ထစမ်းပါ Kim Kai .. သူ ရှိ​မနေရင်​​တောင်​ သူ့ရဲ့အ​ငွေ့အသက်​​တွေ ပြည့်​နှက်​​နေတဲ့ ဒီအိမ်​ထဲကို မင်းရ​အောင်​ ၀င်​ရမှာ​ပေါ့

မျက်ရည်တွေနှင့် အံကြိတ်​လိုက်​ပြီး အားတင်းထလေ ပြုတ်ကျလေနဲ့ လူသာနာလာပြီး အခုထိ မထနိုင်သေး။

"မင်း ​ကောင်း​ကောင်းကျန်းမာ​သေးတာလည်း မဟုတ်​ပဲ..ဖယ်​ ခြံ​သော့ကလည်း ငါ့ဆီမှာပဲ .. အထဲဝင်​ချင်​ပို့​ပေးမယ်​"

ပြောပြီး ကျ​နော့်​အနား ရောက်​လာတဲ့ Lay ကို လဲကျနေရာကနေ ဒီတိုင်း မလှူပ်​မယှက်​ ကြည့်​​နေလိုက်​သည်​။
ဒီအခြေအနေတွေမှာ Lay ​ရော မပင်ပန်းဘူးလား
သူလည်း အရမ်းချစ်ရတဲ့ သူငယ်ချင်းကို ဆုံးရှုံးထားရတာပဲမလား

ကျ​နော်​ကသာ သူတို့အ​ပေါ်မှာ မကောင်းခဲ့တာ

သူတို့ကတော့ Kyung Soo ​ကြောင့်​လားပဲ

RED TEAR ( Completed )Where stories live. Discover now