ဘယ်ကိုရောက်သွားတာလဲ
ပုံမှန်သူအိပ်နေကျ Sofa ထက်မှာ တစစီပျံ့ကျဲနေသည့် စောင်နှင့်ခေါင်းအုံးသာရှိပြီး လူကိုမတွေ့ရ။
အော်သံက ဒီအောက်ထပ်ကဆိုတာ သေချာပါတယ်။
လက်ဖျားတွေ အေးစက်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
နားထဲသိသိသာသာ တိုးဝင်လာသည့် ရှိုက်သံအဆုံးမှ ရင်ထဲက အပူလုံးကြီးကကျသွားတော့သည်။
ရှိုက်သံပေါ်လာရာ မှောင်ရိပ်ကျနေသည့် အခန်းထောင့်စွန်းမှာတော့ ကျုံ့ကျုံ့လေးထိုင်နေပြီး ကလေးတစ်ယောက်သဖွယ် နားနှစ်ဖက်ကို စုံပိတ်ထားပြီး တဆတ်ဆတ်တုန်ယင်နေသည့် သူ့ကို တွေ့လိုက်ရသည်။
အို..မျက်ရည်တွေ .. သူ အသည်းအသန် ငိုကြွေးလို့ပါလား
ပါးပြင်တစ်ခုလုံးရဲတွတ်နေပြီး အသိဥာဏ်ကင်းမဲ့နေပုံ
သူ့နားကို ကပ်လာသည့် ခြေသံကြားတော့ မ၀ံ့မရဲ မော့ကြည့်နေကာ ဂနာမငြိမ်ဖြစ်နေသည့် သူ့ မျက်လုံးအစုံဟာ သူဘယ်လောက် ထိတ်လန့်တုန်လှူပ်နေကြောင်းကို သက်သေထူနေသည်။
တစ်ခါမှ သူ့ကို ဒီလိုပုံစံ မမြင်ဖူးခဲ့
မျက်လုံးတွေကလည်း ဦးတည်ရာမဲ့ကြောင်တိကြောင်တောင် ...ဟိုနေရာကြည့်လိုက် ဒီနေရာကြည့်လိုက်
မျက်ရည်စတွေကလည်း သူ့ ပါးစပ်ထဲထိစီးဝင်ပြီး တစ်ခုခုကို ဗလုံးဗထွေးနဲ့ တရစပ် ရွတ်နေသည်။
အနားကို ဖြည်းဖြည်းချင်းကပ်သွားတော့
သူက ကျောနဲ့ နံရံကပ်နေသည်အထိ နောက်ကို အထိတ်တလန့်  ဆုတ်နေသည်။" ဘယ်..သူ...လဲ .. ကျ..နော် ကြောက်လို့ပါ"
မပီမပြင် စကားလုံးတို့က အထစ်ထစ်အငေါ့ငေါ့ ထွက်လာရင်း သူ့ကိုထိဖို့လုပ်နေသည့် လက်တွေကို အကြောက်အကန် ရှောင်နေတော့ ရင်ထဲဆို့ဆို့နင့်နင့် ခံစားလိုက်ရသည်။
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION