36

461 36 0
                                    

နောက်တစ်နေ့ မနက်ခင်းကျောင်းသွားဖို့ ပြင်လိုက်တော့ Kaiက စက်ဘီးတစ်စီးနဲ့ အိမ်ရှေ့ရောက်လာခဲ့တယ် ...

အထူးအဆန်းပဲ သူက ကားတွေနှင့် ကျောင်းမသွားချင်ဘူး... စက်ဘီးနှင့်ပဲ သွားမယ်တဲ့ ...

သူက ကျွန်တော့်ကို တင်စီးမယ်ဆိုပဲ ...

ဝမ်းသာသွားတာ မှန်ပေမဲ့ အပြည့်အဝ ဝမ်းမသာနိုင်ပါ ...

ကျောင်းက နည်းနည်းဝေးတော့ သူပင်ပန်းသွားမလား စိုးရိမ်မိတယ်

ထင်တဲ့ အတိုင်းပဲ လမ်းရောက်တော့ ခြေထောက်ကနာပြီ ကျွန်တော်ကတော့ စိတ်ပူလို့ သူ့ကို ဆက်မနင်းခိုင်းတော့ဘူး ...

ကိုယ်ကတင်စီးဖို့ကျပြန်တော့လည်း စက်ဘီးက မစီးတတ် အခက်တော့တွေ့ပြီ ...

ဒါနဲ့ ဘာမတတ်နိုင်တော့လို့ သူ့ကို စက်ဘီး လက်ကိုင် ထိန်းခိုင်းပြီး အနောက်ကနေ စက်ဘီးတွန်းရင်း ကျောင်းထိ ရောက်အောင် လာခဲ့လိုက်ရတယ်

အရမ်းပင်ပန်းတယ်ဆိုပေမဲ့ သူ့ မျက်နှာက အပြုံးတွေကို မြင်လိုက်ရရင် ကျွန်တော် ပင်ပန်းခံရကျိုးနပ်ပါတယ်

အတန်းထဲကို ချွေးတွေရွှဲရွှဲစိုနေတဲ့ ပုံစံနှင့် ဝင်လာတဲ့ ကျွန်တော့်အနားကို Lay က စိတ်ပူုပြီး ပြေးလာတယ် ...

ဘာဖြစ်လာတာလဲ မေးတော့ သူ့ ခြေထောက်နာနေလို့ သူက ပြန်ဖြေပေးလိုက်တယ် ...

Lay က ကျေနပ်ပုံ မပြပေမဲ့ သူ့ကို ဘာမှ ဆက်မပြောတော့ပဲ ကျွန်တော့်အတွက်ရေဘူးကို ယူလာပေးပြီး ဘေးနားကနေ ချွေးတွေ သုတ်ပေးနေတယ်

သူက ကျွန်တော့်ကို ဂရုစိုက်ပေးနေတဲ့ Lay ကို ဒီလို မလုပ်ပေးဖို့ပြောလိုက်တာ Lay နှင့် စကားများနေကြလို့ Layကို အနားကနေ မြန်မြန်ပြန်လွှတ်လိုက်ရတယ်

မလွယ်ပါလားနော်

Lay ဘေးနားကထွက်သွားတော့ သူ​တော်​​တော်​ စိတ်ဆိုးနေပြီ ...

ကျွန်တော့်ကို တစ်ခြားလူတွေ ဂရုစိုက်ပေးတာ သူမကြိုက်ဘူးတဲ့ ...

Lay နှင့် ပတ်သက်ရင် ကျွန်တော့်ကို မခေါ်တော့ဘူးတဲ့
သူနှင့် Yeollie က ဘာလို့ ဒီအထိတွေပါ လိုက်တူနေရတာလဲ ...

RED TEAR ( Completed )Where stories live. Discover now