26

427 40 0
                                    

"DD ဒီနေ့ ကိုယ်တို့ ​ကစားကွင်းကို သွားကြမလား "

"တစ်​ကယ်​လား"

မပြောလိုက်ချင်ဘူး သိပ်မသွားချင်ရှာဘူးထင်တယ်​ ဖြီး​နေတာပဲ ... ကလေးလည်း မဟုတ်ပဲနဲ့ ကစားကွင်းဆို တော်တော်ကြိုက်

ဒီလိုနဲ့ ကစားကွင်းဘက် ရောက်လာတော့

" ကလေးတွေစီးနေတာလေ မြင်လား အရုပ်တွေစီးပြီး အဝိုင်းပတ်ကြီး လည်နေတဲ့ဟာ "

" မြင်တယ်လေ "

" သွားစီးရအောင်နော် "

" ရှက်စရာကြီး မစီးချင်ပါဘူး စီးနေတဲ့ထဲလည်း ကလေးတွေပဲ လူကြီးလည်း မပါဘူး "

"DD စီးချင်တယ် "

"စီးချင်​ တစ်ယောက်တည်းစီးလေ က​လေး"

" ဘာကလေးလဲ ဒီအရွယ်​လား ကလေး... ချစ်​သူ​တွေ​တောင်​ ရှိ​နေမှ​တော့ လူကြီးပဲ"

ပြောတော့သာ လူကြီးဖြစ်ချင်တာ  အခုလည်း ကလေးတွေစီးတာ လိုက်စီးချင်သေး မင်းက ကိုယ့်​အတွက်​​တော့ က​လေးပါပဲ DD

သူစီးချင်တာစီးရေ​တာ့ ရယ်ပြီး ကလေးလိုပဲ သဘောတွေကျနေတယ်

ကျ​နော်​က​တော့ သူ့ပုံရိုပ်​​တွေကို ဖမ်းယူရင်း ကင်​မရာတစ်​လုံးနဲ့ အလုပ်​ရှူပ်​​နေလျက်

သူစီးလို့အားရတော့ တစ်ခြားစီ လျှောက်ကြည့်မယ်ဆိုပြီး ပတ်ကြည့်ရင်း သရဲအိမ်တွေဘက် ရောက်လာခဲ့တယ်

" Yeollie ဒီထဲ ဝင်ရအောင် "

" သရဲကြောက်တယ်ဆို"

" သရဲကို ကြောက်ပေမဲ့ အခြောက်ခံရတာတော့ သဘောကျတယ် ဝင်ရအောင်နော် "

ပြောမရတဲ့ အဆုံး အထဲကို ဝင်ကြည့်ကြတော့
ငယ်သံပါအောင်အော်ပြီး လူကို အတင်းလာဖက် ရင်ခွင်ထဲတိုးဝင်လာသည်​က အသည်းယားဖွယ်​အတိ

ဝင်ချင်တုန်းကလည်းသူပဲ အထဲရောက်ပြန်တော့လည်း သူလောက်ကြောက်တတ်တဲ့သူ နှစ်ယောက်မရှိဘူး

အဲဒီ​လောက်​ထိ ဘာလုပ်​လုပ်​ ချစ်​ဖို့​ကောင်းလွန်း​နေလို့လည်း သူဘယ်လောက်ပဲ အပြစ်တွေလုပ်ထားထား မမုန်းနိုင် မမေ့နိုင် ဖြစ်ပြီး နားလည်ဖို့ ကြိုးစားပေးခဲ့တာ

RED TEAR ( Completed )Where stories live. Discover now