18

438 44 7
                                    

"ဒီနေ့ Appa Company ကို သွားရမှာ အဲဒါလေ DD ဆီက ခွင့်တောင်းတာ"

ကျောင်းကို သွားတဲ့လမ်းမှာ သူ့ကို ပြောလိုက်တော့ သူက ဘာမှပြန်မဖြေပဲ ပြုံးပြရင်းသာ ခေါင်းညိမ့်ပြသည်။

" တစ်ကယ်ရလား DD တစ်ယောက်တည်း အတန်းတက်ရမှာနော်"

" တစ်ကယ် ရပါတယ်ဆို "

တစ်ကယ်က သူကရတယ်... သူ့တစ်ယောက်တည်း အတန်းလွှတ်ဖို့ ကျနော်ကသာ စိတ်မချဖြစ်နေတာ

" Lay နားသိပ်မကပ်နဲ့နော် စကားလည်း သွားမပြောနဲ့"

" သူက စပြီး စကားပြောခဲ့ရင်ရော "

ကျနော်က မျက်မှောင်ကြီးကျုံ့ပြီး

" တစ်ခွန်းမေး တစ်ခွန်းပဲ ပြန်ဖြေ အပို စကားတွေ မပြောနဲ့"

တစ်ကယ်ပဲ လူကို စိတ်ချမ်းသာအောင် ဘယ်တော့မှ မဖြေပေးဘူး

ကျနော် သူ့ကို ကျောင်းရှေ့ချပေးပြီးတာနဲ့ နောက်ဆံတငင်ငင် Company ကို ထွက်လာခဲ့ရပေမဲ့ စိတ်တွေကတော့ သူ့ဘေးနားကျန်ရစ်ခဲ့သည်။

...............................................................

Companyက အသစ်ရောက်လာတဲ့ Designအတွက် Sakura နဲ့အတူတူ အလုပ်ကြော်ငြာ Magazineအတွက် Cover Photoရိုက်ပေးနေရသည်မှာ ရောက်ထဲက မနားရသေး။

ဓာတ်ပုံ ရိုက်နေတဲ့ အတောအတွင်း ဂနာမငြိမ် လူကသာ camera ရှေ့မှာ ရောက်နေတာ စိတ်ကတော့ အတန်းထဲ တစ်ယောက်တည်း ဖြစ်နေမဲ့ DD ဆီမှာသာ

ရိုက်ကူးမှုပြီးတော့ Appaက ထမင်းအတူတူ စားပြီးမှ ပြန်ဖို့ ပြောပေမဲ့ DD ဆီကို အမြန် ပြေးသွားချင်နေတဲ့ ဇောကအားကြီးနေတော့ ဗိုက်မဆာဘူး အတန်းရှိတယ်လို့သာ အကြောင်းပြချက်တွေပေးလိုက်သည်။

" Chanyeol oppa "

အနောက်ကနေ Sakura လှမ်းခေါ်လိုက်လို့ ပြန်ဖို့ပြင်နေတဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားတယ်

" Sakura ..ဘာပြောစရာရှိလို့လဲ"

"နေ့လည်စာ အတူတူစားရတာ အပန်းမကြီးပါဘူး ...Ra ကလေ အတူတူ နေ့လည်စာစားရတော့မယ်ဆိုပြီး ပျော်နေခဲ့တာကို"

အားနာမိသလိုဖြစ်သွားပေမဲ့ ဒီနေ့အတွက်တော့ လုံးဝ အဆင်မပြေတော့တာမို့။

RED TEAR ( Completed )Where stories live. Discover now