9

543 55 0
                                    

အတန်းထဲဝင်လာတော့ ရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ကောင်လေးတစ်ယောက်။

တော်တော်သတ္တိရှိတဲ့ကောင်ပဲ အရင်စိတ်နဲ့ဆို ဆွဲထိုးမိမှာမှန်ပေမဲ့ DDကို ကတိပေးထား လို့ အသာတကြည်ပဲ ရှောင်သွားဖို့ စိတ်ကူးလိုက်တယ်။

ဒါပေမဲ့ ကောင်လေးက သွားလို့ မရအောင် ထပ်ပိတ်ရပ်ပြန်ပြီ။

" မင်း ဒါဘာလုပ်တာလဲ "

ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ဒဲ့တိုးမေးလိုက်တော့

" မမြင်ဘူးလား လမ်းပိတ်ရပ်နေတာလေ "

ထိုပိတ်ရပ်တဲ့ ကောင်လေးကလည်း အာဂသတ္တိပဲ ကျနော့်ကိုတောင် မချေမငံပြန်ပြောရဲသည်ဆိုတော့။

"ငါ့ကို စိန်ခေါ်တာလား ရန်မဖြစ်ချင်ဘူး အေးဆေးဖယ်ပေးပါ"

" ငါ့လူကို ပြန်ပေး "

"ဘယ်သူ့ကို ပြန်ပေးရမှာလဲ ဘာတွေလာပြောနေတာလဲ"

ထိုကောင်လေးနဲ့ ဆက်စကားမပြောချင်လို့ ရှောင်ထွက်ဖို့ လုပ်လိုက်တယ်။

"အခုမှလာပြီး အတိတ်မေ့ချင်ယောင် ဆောင်မနေနဲ့ ငါ့ဘေးနားက မင်းခေါ်ထုတ်သွားတဲ့ Do Kyung Soo"

"အဲဒါမင်းလူလား စိတ်မကောင်းပါဘူးကွာ အခုသူက ငါ့လူ ဖြစ်သွားပြီ "

" ငါ့သူငယ်ချင်းကို အသာတကြည် ပြန်ပေးပါ Park Chanyeol"

" ဘာဆိုင်လို့ ပြန်ပေးရမှာလဲ"

"Do Kyung Soo ဆိုတာ Layရဲ့ တစ်ဦးတည်းသော သူငယ်ချင်း …Park Chanyeol နဲ့ ဘာမှ မပတ်သက်ဘူး …အဲဒါကြောင့်ပြန်ပေး"

ကျနော်လည်း ခြောက်ကပ်နေတဲ့ အသံကြီးနဲ့ တမင် အမြင်ကတ်စရာကောင်းအောင် လုပ်ရယ်ပြလိုက်ကာ

"ဒီမယ် Layတွေ ဘာတွ နားမလည်ဘူး မကျေနပ်ရင်လည်း မတတ်နိုင်ဘူး DDကို ငါပိုင်တယ် သူက ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ် ဘယ်သူ့ အတွက်မှမဖြစ်စေရဘူး နားလည်လား"

" မင်းပိုင်တယ်ပြောရအောင် သူက မင်း အရုပ်မဟုတ်ဘူး ခံစားချက်ရှိတဲ့လူ"

ခံစားချက်ရှိတဲ့လူ ဟုတ်လား …… ဒါဆိုလည်း အဲဒီခံစားချက်တွေက Park Chanyeolနဲ့ပဲ သက်ဆိုင်နေရမယ်…ဘယ်သူနဲ့မှ မသက်ဆိုင်စေရ။

RED TEAR ( Completed )Where stories live. Discover now