35

480 35 0
                                    

အခုအချိန်မှာ တုန်လှုပ်ခြောက်ခြားနေမိလို့ မြင်ခဲ့ရတဲ့ မြင်ကွင်းကို တစ်ကယ်ဖြစ်ခဲ့လား မဖြစ်ခဲ့ဘူးလားဆိုတာ အတည်မပြုနိုင်သေး​ပေမဲ့

လောလောဆယ်မှာတော့ ကျနော် လဲကျနေရာကနေ ပြန်မထနိုင်တော့ပဲ နေရာမှာပဲ မျက်ခွံတွေ မှိတ်ကျသွားပြီး ရက်စက်တတ်တဲ့ လောကကြီးနဲ့ ခဏ အဆက်အသွယ် ပြတ်သွားတော့သည် ။

.............................................

သတိရလာပြီလားလို့ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျ​နော့်​ကို စိတ်​ပူစွာ ကြည့်​​နေတဲ့ Lay

ညတုန်းက မြင်ခဲ့ရတဲ့ မြင်ကွင်းက အမှန်လား အမှားလား

ဒါမှမဟုတ် ကျွန်တော် အိပ်ပျော်သွားလို့ အိမ်မက်မက်နေခဲ့တာလား

" Lay ငါကျောင်းသွားတော့မယ် Yeollie ငါ့ကို စောင့်နေမှာ "

ကျွန်တော့်စကားတွေကို Lay က မျက်ရည်တွေဝဲစွာ ကြည့်​​နေလျက်

" မင်းမနေ့ညက လမ်းဘေးလဲကျနေလို့ ငါခေါ်လာခဲ့တာ ... chanyeol ဘယ်လိုဖြစ်သွားလဲဆိုတာ မင်းသိတယ်မလား ... သိလို့ ထွက်ပြေးလာခဲ့တာ မဟုတ်ဘူးလား "

မျက်ရည်ပူ​တွေက ပါးပြင်ပေါ်စီးကျလာခဲ့သည်​။

ညတုန်းက ပုံရိပ်တွေက TV ကြည့်နေသလို မျက်လုံးထဲ ပြကွက်တွေ တစ်ကွက်ပြီး တစ်ကွက်ပေါ်လာတယ် ...

ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ နာကျင်လာတယ် ...

မဟုတ်ဘူး

ခေါင်းတွေခါရမ်းပြီး ကုတင်ပေါ်မှာ Yeollie နာမည်ကို သွေးရူးသွေးတန်းအော်နေတဲ့ ကျွန်တော့်ကို Lay က ဖက်ပြီး စိတ်ထိန်းဖို့ သတိတွေပေးနေတယ်

Lay အသံကို ကြားနေရပေမဲ့လည်း မျက်လုံးထဲမှာ မြင်နေရတာ Yeollie ပုံရိပ်တွေပဲ

" ငါ့ကိုပြောပြပါ Chanyeol ဘာလို့ ဒီလို ဖြစ်သွားရတာလဲ မင်းသိသမျှတွေ အကုန် မြိုသိပ်မထားနဲ့ ငါ့ကို ရင်ဖွင့်လိုက် ဒါဆို မင်းခံစားရတာတွေ သက်သာသွားလိမ့်မယ် "

Lay ရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို အော်ငိုရင်း ညတုန်းက အကြောင်းအရာတွေကို အစအဆုံး ပြန်ပြောပြလိုက်​တော့

RED TEAR ( Completed )Where stories live. Discover now