11

494 49 1
                                    

ကျောင်းကို ရောက်လာတော့ သူက စက်ဘီးကို ရပ်လိုက်ပြီး ကျနော့်ဘက်ကို လှည့်ပြောလိုက်တာက
"Kaiစိတ်ရှုပ်တယ်ဆိုတဲ့ လူအုပ်ကြီး ရောက်နေပြီ"တဲ့။

သူက ကျနော့်စကားတိုင်းကို အလေးနက်ထားပြီး မှတ်ထားပုံပဲ။

ကျနော်ကတော့ " နောက်တော့ အကျင့် ဖြစ်လာမှာပါ အခုကအစမို့ထင်ပါတယ်" လို့ ပြန်ပြောပြီး သူ့လက်ကို တွဲကာ အတန်းဘက်သို့ လျှောက်လာခဲ့ရင်း။

အတန်းထဲ ဝင်မလို့ လုပ်ပြီးတော့မှ အတန်းထဲ မဝင်ဖြစ်တော့ဘဲ Chanyeol diary ထဲမှာပါတဲ့ ရှုခင်းကောင်းတဲ့ 88ဆောင် ခေါင်မိုးထပ်ကို သူ့ကို ခေါ်သွားဖို့ စိတ်ကူးရသွားတယ်။

ဟုတ်တယ်လေ သူနှင့်ကျနော့်ရဲ့ ချစ်သူဖြစ်တဲ့ အမှတ်တရနေ့ဆိုတော့ စာသင်ခန်းထဲမှာပဲ စာသင်ရင်း အချိန်တွေကို ဘယ်ဖြုန်းချင်ပါ့မလဲ။

အတန်းထဲ မဝင်ဘဲ သူ့လက်ကို ဆွဲပြီး ခေါ်လာတဲ့ ကျနော့်ကို သူကတော့ ဘာပြန်မပြောပဲ ကျနော့် သဘောဆိုတဲ့ ပုံစံမျိုးနဲ့ ဆွဲခေါ်တဲ့နောက်ကို လိုက်လာခဲ့ပါတယ်။

Elevator ရှေ့ရောက်တော့ ဒီနေ့ ပျက်နေတယ်ဆိုတာနဲ့ လှေကားကနေပဲ တက်ဖို့ ဆုံးဖြတ်လိုက်တယ်။
အပေါ်ဆုံးအထပ်ထိတက်ရမှာဆိုတော့ လွယ်တော့မလွယ်။
ဒါပေမဲ့ သူ့ကို ဒီနေ့အဲဒီနေရာကို ခေါ်သွားဖို့ စိတ်ကူးထားတော့ မလွဲမသွေ တက်ရမှာပဲ။

ကျနော့်စိတ်ဓာတ်က ဒါကိုလုပ်မယ်လို့ ဆုံးဖြတ်ထားရင် သေချာပေါက် လုပ်လိုက်ရမှ ကျေနပ်တာ ဘယ်တော့မှ ဆုံးဖြတ်ချက် တစ်ခုကို လွယ်လွယ်နဲ့ ပြန်မပြင်တတ်ဘူး..။

" ဘယ်အထပ်ထိ ဆက်တက်ရဦးမှာလဲ "

လေးထပ်လောက်ရောက်လာတော့ သူတော်တော်မောနေလို့ထင်တယ် ကျွန်တော့်ကို မေးနေရှာတာ ..သူက စက်ဘီးလည်းနင်းလာရတော့ ပင်ပန်းနေမှာပေါ့....။

"ဆက်မတက်နိုင်တော့လို့လား"

" အင်း အရမ်းမောနေပြီ ဒါပေမဲ့ Kai သွားချင်တဲ့ဆီသွားပါ Dyoလိုက်ခဲ့ပါ့မယ်"

ပထမဆုံး သူ့နာမည်ကိုယ်သူ nick name အသစ်တစ်ခု ယူသုံးခြင်း။ ကျနော့်အတွက် သူ ခေါ်စေချင်တဲ့ သီးသန့်လား။

RED TEAR ( Completed )Where stories live. Discover now