23

418 45 3
                                    

ကျ​နော် ​အတန်းမတက်ဖြစ်သလို သူနဲ့ မတွေ့ဖြစ်သည်မှာလည်း ဘာလိုလိုနဲ့ တစ်ပတ်​တောင်​ရှိသွား​လေပြီ။

ဒီနေ့ ကြော်ငြာရိုက်ဖို့လည်းရှိ​နေ​တော့
Sakura နဲ့တွေ့လို့ အဆင်ပြေလားမေးရင်​​တောင်​ အားတက်​ဖွယ်​ရာ အ​ဖြေက ရှိမ​နေ

...................................................................

Shootingကို ရောက်လာတော့ Sakuraက အနားကိုပြေးလာပြီး
ထင်တဲ့အတိုင်း မေးခွန်းတွေစလာပြီ

" Oppa... ဟိုတစ်ယောက်ကို မေ့သွားပြီလား... "

မေ့သွားပြီလားတဲ့

မမေ့သေးတာတော့ သေချာတယ်

မနက်အိပ်ရာထတာနဲ့ သူ့ကိုပဲ အရင်သတိရပြီး သူ့မျက်နှာကိုပဲ မြင်ယောင်နေမိတာကလွဲရင်​​ပေါ့ ကျန်​တာ အဆင်​​ပြေပါသည်​။

" မေ့သင့်တဲ့သူပဲ မေ့ရမှာပေါ့ "

" Oppaစကားကြီးကလည်း ဘာကြီးလဲ ... မေ့ရမှာပေါ့ဆိုတော့ အခုထိ မမေ့သေးဘူးဆိုတဲ့ သဘောလား"

" မုန်းဖို့လွယ်တယ် မေ့ဖို့ခက်တယ်တဲ့ တစ်ချို့လူတွေကပြောကြတယ်... သူတို့တောင် မုန်းနိုင်ပြီး မေ့ဖို့ခက်သေးတာပဲ ... Oppaက အခုထိ သူ့ကို မုန်းဖို့တောင် မလွယ်သေးတာ မေ့ဖို့ဆိုတာက အရမ်းကို ခက်ခဲသွားပြီ "

"သူ့ကို မမုန်းနိုင်​သေးဘူးလား"

" မသိဘူး... သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေက အခုထိ ရှင်သန်နေတုန်းပဲ"

" ဖြစ်တတ်ပါတယ် ဒါက Oppa အနေနဲ့ အချစ်​ဦးဖြစ်​ပြီး ပထမဆုံး ခံစားရတာ ဖြစ်နေလို့ပါ... နောက်ကျရင် သူ့ကို မုန်းပြီး မေ့နိုင်သွားမှာပါ"

" ဒီလိုပဲ မျှော်လင့်မိတာပဲ​"

Shooting စတော့ Director ခိုင်းတဲ့ အတိုင်း Sakura နှင့်ကျနော်က Ice-Cream တစ်ခုတည်းကို အတူတူ စားပြတဲ့ အခန်းရိုက်ရတယ်

သူလည်း Ice-Cream အရမ်းကြိုက်တာ

အရင်တုန်းက စိတ်ကူးဖူးတယ်
သူနှင့်အတူတူ Ice-Cream တစ်ခုတည်းအတူတူ စားဖို့ ...

အခု​တော့ အကြံအစည်တွေ မအောင်မြင်လိုက်ခင်မှာပဲ အရာအားလုံးကို သူက ဖျက်ဆီးသွားခဲ့ပြီပဲမလား

RED TEAR ( Completed )Where stories live. Discover now