30

436 38 0
                                    

ကျပ်တည်းတဲ့ အခြေအနေတစ်ခုမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ဆိုတာ အရမ်းပင်ပမ်းပါတယ်

Dyoရေ ကိုယ်တောင်းပန်ပါတယ်ကွာ မထားခဲ့ပါနဲ့ လို့ အမြဲပြောနေရှာတဲ့ မင်းကို တစ်နေ့ထားခဲ့ရမယ်ဆိုတာ သိလို့ ကိုယ့်အသည်းတွေလည်း ပေါက်ထွက်မတတ် နာကျင်လှပါပြီ

ဒီအတိုင်း Dyo ဘေးနားမှာ ဝေဒနာတွေ ခံစားနေပြီး ဆက်တွယ်ကပ်နေမယ်ဆို ကိုယ့်ကို ကြည့်ပြီး Dyoပဲ အရမ်းနာကျင် ခံစားရမှာ

ကိုယ့်ကြောင့် Dyo ကို မခံစားစေချင်တော့ဘူး

သေဆုံးသွားပြီဆိုပြီး Dyo ခံစားလိုက်ရမှာထက်စာရင် ဒီကမ္ဘာကြီးရဲ့ တစ်နေရာမှာ ကိုယ်အသက်ရှင်နေသေးတယ် ဆိုတဲ့ အသိလေးနဲ့ ကျန်နေသေးတဲ့ Dyo ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းလိုက်ပါတော့

Dyo ဘေးနားကနေ သေဆုံးပြီးမှ ထွက်သွားရမှာထက်စာရင်
အသက်ရှင်လျက်နဲ့ ထွက်သွားရတာက Dyo နာကျင်မှုတွေကို အနည်းငယ်တော့ သက်သာစေလိမ့်မယ် ထင်ပါတယ်

တံခါးလေးဟလာတော့ ကျနေတဲ့ မျက်ရည်တွေကို လူမမြင်အောင် ပွတ်သုတ်လိုက်ပြီး ဟိုဘက်လှည့်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်

" သတိရလာပြီဆို "

" မင်းက .... ဘယ်သူလဲ"

" Dyo ကို မမှတ်မိဘူးလား...  ခေါင်းကိုထိသွားလို့များလား ... အခု​ရော ဘယ်နားကနာနေသေးလဲ "

သူက စိုးရိမ်တကြီး ပြေးလာပြီး ကျနော့်ခေါင်းကို ကိုင်ဖို့လုပ်လိုက်တော့ နောက်ကိုဆုတ်ရှောင်လိုက်ရင်း

" ဘယ်က Dyo လဲ ငါမသိဘူး ... မင်းကရော ဘယ်သူလဲ ...  လူမှားနေပြီထင်တယ်နော် "

သူက မျက်ရည်တွေကျလာလျက်

" Dyo ကို မမှတ်မိတော့ဘူးလားဟင် ...  Dyo တို့ ခရီးအတူတူထွက်မယ် ပြောထားတယ်လေ ... အရမ်းချစ်ကြတဲ့ ချစ်သူတွေလေ ... မကြာခင် လက်ထပ်တော့မှာလေ ... မှတ်မိပြီလား "

ကျနော့်ကို မှတ်မိလေမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မျက်ရည်လေးတွေ သုတ်ပြီး ပြောနေရှာတဲ့သူ့ကို ကြည့်ရင်း ရင်ဘတ်ထဲက နာကျင်မှုကြောင့်လားမသိ မျက်ရည်တွေက ထွက်လာချင်နေပြီ

RED TEAR ( Completed )Where stories live. Discover now