4

699 56 0
                                    

မျက်လုံးနှစ်လုံးစပွင့်ပြီဆိုတာနဲ့ အရင်ဆုံး နံရံမှာကပ်ထားတဲ့နာရီကို လှမ်းကြည့်လိုက်သည်။

အိပ်ရာထပြီဆိုတာနဲ့ အလိုလိုနေရင်း မျက်လုံးတွေက နာရီဆီ ရောက်နေတတ်တာ အကျင့်တစ်ခု ဖြစ်နေပြီမလား။

နေ့လယ်​​လောက်​က အိပ်​ထားသည်​မလို့ ​နေ့ခင်းနှစ်​နာရီ..U.K. မှာ​တော့ မနက်​ခင်6း:00၀န်းကျင်​သာရှိဦးမည်​။

Kaiကို ဖုန်းဆက်နှိုးရမယ် ဒီကောင်ထဦးမှာ မဟုတ်သေးဘူး။

Kaiဆီကို ဖုန်းခေါ်လိုက်ပေမဲ့ ဘယ်လောက်မှ မပြောလိုက်ရ စကားစကို ဖြတ်ပြီး Kaiက ကျောင်းအကြောင်းပြောလာကာ ဖုန်းချဖို့လုပ်နေလို့ ကိုယ့်ဘက်ကအရင်ပဲ ချပစ်လိုက်သည်။ Park Chanyeol ကို ဒီလိုမျိုး လာလုပ်လို့ မရဘူး Kim Kai။

"ဘာ ကျောင်းပြောင်းမကျသေးတာလဲ…ဟွန်း မင်းအကြောင်းမသိခက်မယ် Kim Kai ရဲ့"

တော်ပါပြီ ဒီကနေပြောနေလို့လည်း သူကြားမှာမှ မဟုတ်တာ ပြန်လာမှတွေ့မယ်

ရေချိုးခန်းထဲ ဝင်လာတော့လည်း မနက်စောစောစီးစီး ဒေါသဖြစ်စရာက အဆင်သင့်။

အရေးပေါ် Bellကို နှိပ်လိုက်တော့ ချက်ချင်း အခန်းထဲရောက်လာတဲ့ အိမ်ဖော်တွေထဲက တစ်ယောက်။

"ဒီနေ့ ရေချိုးခန်း အပြင်အဆင်ကို တာဝန်ယူတာဘယ်သူလဲ"

"ကျွန်မပါ …သခင်လေး"

ရုပ်ကလေးကြည့်တော့ သနားစရာလေးနဲ့ အလုပ်ကျသေချာမလုပ်ဘူး

"မင်းကို အလုပ်ထုတ်လိုက်ပြီ "

"ရှင်......ကျွန်မ ဘာအမှားလုပ်မိလို့လဲ သခင်လေး"

ကောင်မလေးက ဘာမှနားမလည်စွာ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းတွေနဲ့ ကျနော့်ကို ကြည့်လာသည်။

ခက်တာက ကျနော်ဆိုတဲ့ Park Chanyeol က လူတွေကို သနားတတ်ရိုး ထုံးစံမရှိတာပဲ။

"ဒီသွားတိုက်တံကို မင်းဝယ်လာတာမဟုတ်ဘူးလား"

လက်ထဲက အနီရောင်သွားတိုက်တံကို ထောင်ပြပြီး ကောင်မလေးကို မေးလိုက်တော့

"သခင်လေးက သွားတိုက်တံကို သုံးပြီးသား ပြန်မသုံးဘူးဆိုလို့ အသစ်ဝယ်လာခဲ့တာပါ"

RED TEAR ( Completed )Where stories live. Discover now