21

434 43 12
                                    

အတန်းထဲကို ခေါင်းငိုက်စိုက်နှင့် ဝင်လာခဲ့တဲ့သူ

သူ့အကြောင်းမသိတဲ့လူတွေအတွက်တော့ သူဟာသနားစရာပေါ့

တောက်…အခုလည်း ကျနော့်ဘေးတန်းမလာပဲ ဟိုကောင် Lay ဘေး သွားထိုင်ပြန်သည်။

ဘာလဲ Do Kyung Soo  … မင်းက ငါဘယ်လောက်ထိ သဘောထားကြီးပြနိုင်မလဲ စမ်းသပ်နေတာလား

" နေစမ်းပါဦး ဘာလဲ မင်းက အခု ငါနှင့် မထိုင်ချင်တော့ဘူး ဆိုတဲ့ သဘောလား"

သူ့ဆီချက်ချင်းသွားပြီး လက်တစ်ဖက်ကိုဆွဲကာ သူထိုင်နေတဲ့ခုံကနေဆွဲထုတ်လိုက်တဲ့အခါ ကျနော်ဆွဲယူရာကို အလိုက်သင့်ပါလာသည့် သူ့ခန္ဓာကိုယ်က ရင်ခွင်ထဲ ပြိုကျလာသည်။

"ငါကမင်းဘေးနားမှာ ဆက်နေခွင့်ရှိတယ်လား"

တစ်စုံတစ်ခုကို မျှော်လင့်နေသလို မျက်ဝန်းတွေနဲ့ ကျနော့်ကို ပြန်မေးခွန်း ထုတ်လာပြန်သည်။

"  မင်းမေးစရာမလိုဘူး… မင်းနေရာက အမြဲတမ်း
ငါ့ရဲ့ဘေးပဲ … ငါ့တစ်ယောက်တည်းအတွက်ပဲ မင်းက အမြဲရှိနေရမှာ"

" ငါလည်း မင်းဘေးနားမှာပဲ အမြဲနေချင်တာပါ"

" တော်စမ်းပါကွာ နားခါးတယ် "

ကျနော့်အသံနည်းနည်းကျယ်သွားတယ် ထင်သည်။

နဂိုတည်းက စပ်စုချင်နေကြတဲ့ အတန်းထဲက လူတွေက ကျနော်တို့ နှစ်ယောက်ကို ကြည့်လာကြတယ်

သူကတော့ ဘာစကားမှ ဆက်မပြောတော့ပဲ မျက်နှာလွှဲလိုက်ကာ အချေအတင်ပြဿနာမဖြစ်ခင် ရှောင်ဖယ်သွားသည်။

မုန်းစရာကောင်းတဲ့ထဲ သူ့ရဲ့ အဲလိုပုံစံတွေကလည်း
ထိပ်ဆုံးကပါတယ်

………………………………………………………………

နေ့လည် ထမင်းစားကျောင်းဆင်းချိန် အပြင်ထွက်ခါနီး အခန်းပေါက်ဝမှာ Sakura နဲ့ ထိပ်တိုက်ဆုံလိုက်ရတော့ ထိတ်ကနဲလန့်သွားသည်။

အရင်တစ်ခါတုန်းကလို သူ့ကိုများ တစ်ခုခု လုပ်လိုက်မလားဆိုပြီး စိုးရိမ်သွားမိသလို ကျောက်ရုပ်ကြီးထောင်ထားသလို ထိုင်ခုံမှာ မလှုပ်မယှက် ထိုင်ကျန်ရစ်ခဲ့တဲ့သူ့ကို ကြည့်လိုက်မိပြန်သည်။

RED TEAR ( Completed )Where stories live. Discover now