17

448 43 16
                                    

Samမဝင်သေးခင် စာတွေထိုင်ဖတ်နေတဲ့ သူ့နှုတ်ခမ်းဖူးဖူးကို ငေးကြည့်ပစ်မှားနေချိန်

"Kyung Soo"

သူ့နာမည်အော်ခေါ်ပြီး အနားကို ပြေးလာတဲ့ Lay
ကြောင့် အတွေးတွေပျက်သွားကာ မကျေမချမ်းကြည့်လိုက်သည်။

" ဘာပြောမလို့လဲ ... ငါ့ကိုပြော "

"Kai ငါ မင်းကိုတောင်းဆိုစရာရှိတယ် ... Kyung Soo နဲ့ပဲ ပြောမှဖြစ်မှာမလို့…ငါနဲ့အပြင် ခဏထည့်ပေး"

မထည့်ပေးချင်ပေမဲ့ Lay က ယဉ်ယဉ်ကျေးကျေးတောင်းဆိုလာလို့ ကိုယ့်ဘက်က မရိုင်းချင်တာနဲ့ …တစ်ကယ်လည်းအရေးကြီး ပြောစရာရှိတဲ့ ပုံစံဖြစ်နေပြီး Kyung Soo ကိုယ်တိုင်ကလည်း Lay နှင့်အတူ ထည့်ပေးဖို့ တောင်းဆိုတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တာကြောင့်

" ခဏပဲ ရမယ်…မကြာစေနဲ့"

ပထမဆုံးအကြိမ် သူ့မျက်နှာမညှိုးစေချင်လို့ ခွင့်ပြုပေးလိုက်သည်။

" ကျေးဇူးပဲ  " Lay ရဲ့ ကျေးဇူးတင်စကားကို မကြားသလို မျက်နှာလွှဲလိုက်သည်။

သူတို့ထွက်သွားပြီးမှ အခန်းထဲ တစ်ယောက်တည်း ဟိုတွေး ဒီတွေး လှည့်ပတ်စဉ်းစားနေခဲ့တယ်

ပြောစရာရှိတယ်ဆိုတဲ့ စကားက ဘာများလဲ

အတွင်းရေးမို့လို့  မသိစေချင်တာလား

အရင်တည်းက Lay နှင့် Kyung Soo က သူငယ်ချင်းတွေ

သူတို့ချင်း ရိုးသားတာကိုတော့ သိပါတယ်
ကိုယ်ကိုယ်တိုင်က သဝန်တိုလွန်း အားကြီးနေတာများလား

" အားးး...မသိတော့ဘူးကွာ "

ရုတ်တရက်ကြီး ထအော်တော့ တစ်ခန်းလုံး လန့်ပြီး ဝိုင်းကြည့်ကုန်တာနှင့် ကိုယ်မအော်သလို ပြန်ငြိမ်နေလိုက်သည်။တစ်ယောက်ထဲ စကားပြောနေတဲ့ အရူးလို့ ထင်နေရင် သွားပြီ။

စိတ်ရှုပ်လာတာနဲ့ နဖူးပေါ်ကျနေတဲ့ဆံပင်တွေလက်နဲ့ ထိုးဖွဆော့လိုက်ရင်း စိတ်သက်သာရအောင် 12 Landကို သွားဖို့ အခန်းပြင်ကိုထွက်လာသည်။

ဓာတ်လှေကားဆီအသွား စာကြည့်တိုက်ရှေ့ကအဖြတ် အတန်းထဲကဖြစ်ပုံရသည့် ကောင်မလေးအုပ်စုဆီက ကျနော့်နာမည် ကြားလိုက်ရလို့ ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။

RED TEAR ( Completed )Where stories live. Discover now