33

438 36 0
                                    


အတန်းထဲဝင်ခါနီး လူတွေ အော်ဟစ်သံကြားလို့
ထွက်ကြည့်တော့ ဘယ်သူများလဲလို့
Chanyeol ဖြစ်နေခဲ့တယ်

အလယ်တန်းတုန်းက ကလေးလေးမို့ Style မထုတ်တတ်လေးလို့ထင်တယ်

ချောတယ်ဆိုပေမဲ့ ဒီလောက်ထိ မသိသာသေး

အခုတော့ ယောက်ျားချင်းတောင် ငေးရလောက်တဲ့ အထိ သူက ဆွဲဆောင်မှုရှိလာတယ်

Kaiကို လွမ်းလိုက်တာ

အခုချိန်ဆို ဘယ်လိုပုံစံများရှိနေမလဲ

သေချာတာကတော့ အရမ်းခန့်ညားတဲ့ ညှို့အားပြင်းတဲ့ ကောင်ချောလေးဖြစ်နေမယ်ဆိုတာပဲ

သူအရွယ်ရောက်လာတဲ့ ပုံစံလေးကို မြင်ဖူးချင်လိုက်တာ

Chanyeolကတော့ ထုံးစံအတိုင်း ဘယ်သူမှ ဂရုမစိုက်ပဲ အတန်းထဲဝင်လာခဲ့တယ်

Chanyeolကို မြင်ရတော့ သူ့ကိုတောင် ပိုပိုလွမ်းလာသလိုပဲ

chanyeol ကတော့ အရင်အတိုင်းပါပဲ လူတွေကို ဂရုမစိုက်တာ  သူ့ဘေးလာထိုင်ရင် မကြိုက်တာ ...

chanyeolကပြောတယ်

သူ့ဘေးကနေရာက သူချစ်တဲ့သူအတွက်တဲ့

ဒါက Kai ကို ညွှန်းတယ်ဆိုတာ ကျနော်ကလွဲ ဘယ်သူမှ မသိဘူးထင်ပါတယ်

Chanyeol ဘေးကလွတ်နေတဲ့ ခုံလေးကို ကြည့်ပြီး မျက်ရည်လေးတွေဝဲပြီး သူ့ကို အမြဲတမ်းတနေမိခဲ့တဲ့ရက်​​တွေကလည်း များခဲ့ပြီပဲ

******************************

အိမ်ကိုပြန်လာတော့

အိမ်ရှေ့မှာ Hunnie လေးကငိုနေသည်​။

"ဘာဖြစ်လို့လဲ "

မေးကြည့်တော့

"Baekhyun က scholar ရသွားလို့ U.K မှာ ကျောင်းသွားတက်မလို့တဲ့ Hyung"

သူတစ်ယောက်တည်း ကျောင်းမှာ ကျန်ခဲ့​တော့မှာပဲသနားပါတယ်

Lay ရော ကျနော်ရောက Hunnieဘေး မရှိနိုင်တော့ သူအားငယ်နေရတဲ့ ကြားထဲ Baekhyunကပါ ကျောင်းသွားတက်ပြီဆိုတော့ ခံစားနေရရှာမှာ

Hunnieကို အငိုတိတ်အောင် ချော့နေဆဲ

"Hyung ကျ​နော်​အတန်းထဲ Roll 1 ရတယ်​"

RED TEAR ( Completed )Where stories live. Discover now