27

419 39 2
                                    

တစ်​မြို့လုံးနှံ့​နေ​အောင်​ ရှာပြီးသည့်​အဆုံး ဘယ်​​နေရာမှ မ​တွေ့ရ​တော့ အားအင်​​တွေ ကုန်​ခမ်းလာသည်​။

ထိုအချိန်​ ရုတ်​တရတ်​ ဖုန်းဝင်​လာ​သည်​က လုံးဝဆက်​လိမ့်​မည်​ မထင်​ထားသည့်​ DDဆီက

"Yeollie.. အိမ်​ပြန်​မလာ​သေးဘူးလား .. ည​နေက ပြန်​သွားတာ စိတ်​ဆိုး​နေတာလား..အဲဒါက ရုတ်​တရက်​ကြီး Lay အကူညီ​တောင်းတဲ့ ကိစ္စ​ပေါ်လာလို့ ပြန်​သွားတာ..ဖုန်းကလည်း အားကုန်​သွားတာနဲ့ Yeollie အိမ်​က​နေပဲ အားသွင်းရင်း ​စောင့်​​နေလိုက်​တာ..စိတ်​ဆိုး​နေတာ မဟုတ်​ရင်​လည်း မြန်​မြန်​ပြန်​လာ​နော်​"

ဟာကွာ ... ဒီလိုမှန်းသိ အိမ်ပဲ ပြန်လာပါတယ် ကိုယ့်မှာတော့ အိမ်ကိုမပြန်ပဲ တစ်မြို့လုံး ပတ်ရှာနေတော့ လွဲပြီပေါ့

"ကိုယ့်​အိမ်​မှာပဲ​စောင့်​​နေ​နော်​..ကိုယ်​အခုချက်​ချင်းပြန်​လာပြီ"

အခုမှပဲ ​သောကမီးငြိမ်း​အေးရသည်​။

သူစိုးရိမ်​ထားသလို ကိစ္စမျိုးဟုတ်​မ​နေတာပဲ။

.........................................................

အချိန်​​တွေကို ဒီထက်​ပိုပြီးမ​စောင့်​ချင်​​တော့တာ​ကြောင့်​ DD ကို လက်​ထပ်​ခွင့်​ ဒီညပဲ​တောင်းဖို့ ဆုံးဖြတ်​လိုက်​ပြီး ပြင်​ဆင်​စရာ​တွေ အပြီးသတ်​ပြင်​ဆင်​ပြီးမှ အိမ်​ကို ပြန်​လာခဲ့သည်။

အိမ်​ထဲဝင်​၀င်​ချင်း ဆီးကြိုဖက်​လာသည့်​ DD ကို မ​ပြောမဆိုနဲ့ ရပ်​ထားသည့်​ကားစီသို့ လက်​ဆွဲ​ခေါ်လိုက်​ကာ

"ဘာမ​မေးပဲ ကိုယ်​​ခေါ်မဲ့​နေရာကိုသာ ငြိမ်​ငြိမ်​​လေးလိုက်​လာခဲ့"

သူက အူလည်လည် မျက်နှာထားနဲ့ ဆက်​မ​မေး​တော့ပဲ ကျ​နော်​​ခေါ်ရာ​နောက်​ကို အသာတကြည်​လိုက်​ပါလာခဲ့သည်​။

" ဒီ အချိန်ကြီးလား ပန်းခြံကို လာတာလား.. ည 7;00တောင် ကျော်နေပြီဟာ "

ကျ​နော်​ ဘာမှပြန်​မ​ဖြေပဲ ပြုံးရုံသာပြုံးလိုက်​သည်​။

ပန်းခြံထဲမှာ ထွန်းလင်း​နေတဲ့ မီးသီးတွေအားလုံးကတော့  ကားဝင်တာနဲ့ ဖြတ်ခနဲ မှိတ်သွားခဲ့သည်​။

RED TEAR ( Completed )Where stories live. Discover now