6

654 52 4
                                    


ဒီနေ့မနက်ခင်းက ဟိုအရင်နေ့တွေတုန်းကနဲ့ မတူဘဲ ဘာလို့ ဒီလောက်တောင် စိတ်ကျေနပ်စရာကောင်းတဲ့ သာယာတဲ့ မနက်ခင်းလေး ဖြစ်နေရတာလဲ။

ရင်တွေခုန်ပြီး စိတ်လှုပ်ရှားလွန်းလို့ လူက တစ်စက်ကလေးမှ ဂနာမငြိမ်တော့။

မျက်လုံးတွေက FOREST ဆိုင်ထဲကိုသာ စူးစိုက်ကြည့်နေပြီး DD ကို ရှာနေရတာ အမော။

သူ့ကို မတွေ့ရသေးပေမဲ့လည်း အခုလို မျှော်နေရတာကိုပဲ ကျေနပ်သဘောကျနေမိတာ။

သနားစရာ ကျနော့်ဖုန်းမှာ မနက်တည်းက ငြိမ်ငြိမ်မနေရ။

5min ခြားတစ်ခါ FOREST ဆိုင်ကို ဖုန်းခေါ်လိုက် အသံနားထောင်လို့ DD မဟုတ်ရင် ပြန်ချလိုက်နဲ့ တစ်ချိန်လုံး အလုပ်ရှုပ်နေခဲ့တာ။

တစ်ခါမှ ဒီလိုမလုပ်ဖူးတော့ ပျော်သလိုလိုတောင် ခံစားရသေးတယ်။

Do Kyung Soo ဆိုတဲ့ ကျနော့်ရဲ့ DDလေးက ကျနော့် ဘဝတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားအောင် ပြောင်းလဲပေးနိုင်တဲ့ မှော်အစွမ်းတွေ ပိုင်ဆိုင်ထားတယ် ထင်သည်။

နောက်တစ်ကြိမ် ဖုန်းဆက်တော့လည်း DD မဟုတ်ပြန်ဘူး။

" ဒီဆိုင်မှာ waiter ဘယ်နှစ်ယောက် ရှိတာလဲ "

စိတ်မရှည်တော့ဘဲ မေးတဲ့အထိ အဆင့်တက်လိုက်ရတယ်။

တစ်ကယ်ပါကွာ DD အသံလေး ကြားချင်ပါတယ်ဆို ဘယ်သူတွေ လာလာ ကိုင်မှန်းမသိ။

"ကျွန်တော်တို့ဆိုင်မှာ waiter ခြောက်ယောက်ရှိပါတယ် ဘာကိစ္စရှိလို့ပါလဲ ခင်ဗျ "

တစ်ဖက်က ပြန်ဖြေတာနဲ့

"  Do Kyung Soo ဆိုတာလေ … သူ မလာသေးဘူးလား"

ကျနော်သိချင်တာကို သွယ်ဝိုက်မနေတော့ပဲ ဒဲ့တိုး မေးပစ်လိုက်သည်။

" ဟုတ်ကဲ့ …သူက ကျွန်တော်တို့ဆိုင်ကို ညနေ 3:30လောက်မှ စပြီး အချိန်ပိုင်းဆင်းတာပါ ဒီဆိုင်က အလုပ်သမားမဟုတ်ပါဘူး"

အလုပ်သမား မဟုတ်ဘူး။ ဒါဆို DD က ဒီဆိုင်ကို ညနေတိုင်း ဘာလို့ Waiter လာလုပ်တာလဲ။

စသိထဲက Do Kyung Soo ဆိုတဲ့ ကျနော့်ရဲ့ DD လေးက ကျနော့်အတွက် ပဟေဠိဆန်လွန်းနေခဲ့သည်။

RED TEAR ( Completed )Where stories live. Discover now