38

542 39 0
                                    

ကျွန်တော် သူနှင်ထုတ်ထားပေမဲ့ အခန်းထဲပြန်ဝင်လာတော့ သူလုပ်ထားလို့ တစ်စစီဖြစ်ပြီး အမွှေးတွေ ဖွာလန်ကျဲကာ ခေါင်းတစ်ခြား လက်တစ်ခြား ကိုယ်တစ်ခြား ဖြစ်နေတဲ့ ကျွန်တော့်အရုပ်ကို တွေ့လိုက်ရသည်။

သူ အရမ်းရက်စက်တာပဲ ...

ကျွန်တော့်မှာ သူ့အစား ဒီအရုပ်လေးပဲ ခံစားချက်တွေ ဖွင့်ဟပြီး ရှင်သန်နေရတာ ...

သူ မရှိတဲ့ ဟိုအရင်တုန်းက အချိန်တွေရော သူ့ဘေးနားရှိနေတဲ့ အချိန်ပါ ဒီအရုပ်လေး အားကိုးပြီး အထီးကျန်မှုတွေ သိမ်ငယ်မှုတွေ ဖြေဖျောက်ခဲ့ရတာ ...

ကျွန်တော့် သူ့ကို ပြောရင်လည်း သူကစိတ်တွေဆိုးပြပြီး မှားတဲ့သူက ကိုယ်ပဲ ဖြစ်နေတာဆိုတော့ သူမုန်းတာခံရမှာ ကြောက်တဲ့ ကျွန်တော်ကပဲ အမြဲ အရှုံးပေးအလျော့ပေး လိုက်ရသည်​သာ

ဒီအရုပ်ကို ကျွန်တော် မြတ်နိုးတန်ဖိုးထားပေမဲ့

ဖျက်စီးလိုက်တဲ့သူကလည်း

ကျွန်တော့်မြတ်နိုးတန်ဖိုးထားရတဲ့သူဖြစ်နေတော့ အပြစ်မဆိုရက်ပြန်ဘူး ...

ဘယ်တတ်နိုင်ပါ့မလဲ ပျက်စီးပြီးမှတော့ ပြန်ကောင်းလာမှာ မဟုတ်တာ

သူသာ ကျွန်တော့် နှလုံးသားကို ဒီအရုပ်လို တစ်စစီ ဖြစ်အောင် မဖျက်စီးဖို့ ဆု​တောင်းရမှာပဲ

သူ့ရှေ့ကနေ လှည့်ထွက်ပြီး အောက်ကို ဆင်းလာတော့

  ..." ​နေမကောင်းလို့ အိမ်မှာ တစ်ယောက်တည်း ဖြစ်နေလို့ ထွက်လာခဲ့ပေးပါလား"

hunnie ဆီက ဖုန်းဝင်လာတယ်

... hunnie က နေမကောင်းနေတဲ့ အချိန်ဆို ငယ်ငယ်တည်းက အရမ်းအားငယ်တတ်သူမလား

********************************

... hunnie အိမ်ကို ရောက်ပြီး ရေပတ်တိုက်ပေးနေတုန်းရှိသေး
သူ့ဆီက ဖုန်းဝင်လာကာ

" မင်းအခုဘယ်မှာလဲ .."

"ဒါက..ဟို.."

" ငါမေးတာဖြေ မင်းအခု ဘယ်မှာလဲလို့ "

" ငါ .. ငါက အခု "

ကျ​နော်​သာ Hunnie နဲ့ရှိ​နေရင်​ သူပြဿနာလာရှာမှာစိုးပြီး ​ဖြေရခက်​​နေဆဲ

RED TEAR ( Completed )Where stories live. Discover now