40 ( Final)

1.5K 81 5
                                    

အစီအရီ စာအုပ်​​တွေ စီထပ်​ထားသည့်​ စာအုပ်​စင်

ဘေးနားက မီးအိမ်​အလတ်​စားတစ်​လုံး

စာကြည့်​စားပွဲတစ်​လုံး

စားပွဲ​ပေါ်မှာ​တော့ ​ပန်း​ရောင်​စာအုပ်​တစ်​အုပ်

ပိုင်​ရှင်​မဲ့ စာကြည့်​ခန်း နှင့်​ ဖတ်​သူမဲ့ စာအုပ်​များက သခင်​ကို ​စောင့်​စား​နေသည့်​အလား

ဒီအိမ်​ရဲ့ ဘယ်​​နေရာ​ရောက်​​ရောက်​ မင်းသူ့ကို အမြဲတမ်းတ​နေတာပဲလား Kai

အမှတ်​မရှိသည့်​ နှလုံးသားကလွမ်းဆွတ်​မှူများကို ဦး​နှောက်​က လျစ်​လျူရှူရင်း စားပွဲ​ပေါ်က ပန်း​ရောင်​စာအုပ်​​ကို ​ကောက်​ယူကြည့်​လိုက်​သည့်​အခါ

To Kai

ဆိုသည့်​ စာတစ်​​ကြောင်းသာ စာမျက်​နှာဖုံးထက်​ ​နေရာယူလျက်

အတွင်းထဲက စာမျက်​နှာများတွင်​​တော့

~~~~~~~~~~~~~~~~~~~~~~~
တွေ့ဆုံခြင်း
*********

မင်း​မေးခဲ့ဖူးတဲ့ ကိုယ်​မင်းကို စသိခဲ့တဲ့​နေ့အ​ကြောင်း။

ကိုယ့်​မိဘ​တွေဆုံးသွားပြီး တစ်​လလုံးလုံး အထီးကျန်​​နေတဲ့
ကိုယ့်​အတွက်​ စိတ်​ပျက်​စရာ February 14 ဆိုတဲ့ Valentine Day

မင်းတို့ကစားခဲ့ကြတဲ့ အားကစားရုံကြီးရဲ့ ​​အ​ပေါ်ဆုံးထပ်​​မှာ ကိုယ်​ရပ်​​နေခဲ့တယ်

အား​ပေးဖို့လည်း မဟုတ်​သလို ပွဲလာကြည့်​သူလည်း မဟုတ်​ဘူး

ကောင်းကင်​ဘုံက ကိုယ့်​မိဘ​တွေဆီကို သွား​တွေ့ဖို့အတွက်​​ပေါ့

ကိုယ့်​မိဘ​တွေဆီသွားဖို့ ကိုယ်​အသင့်​ဖြစ်​​နေတဲ့အချိန်

ကိုယ်​ခုန်​ဆင်းမဲ့ ကွင်းပြင်​ထဲ ​အောင်​နိုင်​မှူအတွက်​ ​ပျော်​မြူး​နေတဲ့ မင်းကို စ​တွေ့ခဲ့တယ်

အဲဒီတစ်​ခဏအတွင်းမှာပဲ

အောက်​ကို ခုန်​ချလိုက်​လို့ ​တစ်​စစီဖြစ်​သွားမလား

သွေး​တွေယိုစီးကျပြီး မရှူမလှ​သေဆုံးသွားရမလား

မှန်းဆမရတဲ့ နာကျင်​မှူ​တွေ ခံစားပြီး ​သေပွဲဝင်​ရမလား

RED TEAR ( Completed )Where stories live. Discover now