28

427 39 1
                                    

"ဒေါက် ... ဒေါက် "
တံခါးအပြင်ကနေ လာခေါက်နေလို့ ဖွင့်ပေးလိုက်ရင်း

" ပြော ဘာလုပ်မလို့လဲ "

" ထမင်းစားဖို့ ပြင်ပေးပြီးပြီ အဲဒါ လာခေါ်တာ ... အဝတ်တွေလျှော်ပြီးမှ ပြင်ဆင်ရတာဆိုတော့ နောက်ကျသွားလားဟင်"

" ရပါတယ် ... သိပ်မဆာသေးပါဘူး "

" ပြောတော့ နေ့လည်တည်းက ဘာမစားရသေးဘူးဆို အခု ညနေတောင် ရောက်နေပြီ "

" ရတယ် အောက်ကနေစောင့်နေ အခု ဆင်းလာခဲ့မယ် "

" Aww...Omm "

သူဆင်းသွားတော့မှ နောက်ကနေ လိုက်ဆင်းလာခဲ့လိုက်တယ်

ထမင်းစားနေတော့လည်း ကိုယ့်ထမင်းကို ကောင်းကောင်းမစားရဘူး ဘေးနားက မျက်နှာကြီးဖြီးပြီး ပြုံးကြည့်နေတာ​ကြောင့်​လေ

သူက အဲလိုကြည့်နေတော့ ဒီက စားနေရတဲ့လူက အနေရခက်ပြီ

" Do Kyung Soo မင်းက ငါ့ကို အခုလို စိုက်ကြည့်နေတော့ ငါထမင်းစား မဖြောင့်ဘူး "

မပြောဘူးလို့နေပေမဲ့ အကြည့်တွေက ရပ်မသွား

" sorry...miyanae ငါက မင်းငါချက်ကျွေးတာတွေကို မကောင်းဘူး မပြောလို့ သဘောကျသွားလို့ပါ မင်းစားနေတာလေးကလည်း ချစ်ဖို့ကောင်းလို့ "

" ဘာမှမကောင်း..."

စကားကို ဆက်မပြောတော့ပဲ ဒီတိုင်းပဲ နှုတ်ပိတ်နေလိုက်တော့တယ်

သူချက်ကျွေးတာတွေက အရသာရှိတယ်ဆိုပေမဲ့
ပါးစပ်က အကောင်းမပြောချင်လို့ ယောင်ထွက်သွားပြီးကာမှ Chanyeol တုန်းကလို ကျနော့်ကို အတ္တကြီးတဲ့သူဆိုပြီး ထားသွားမှာ စိုးရိမ်လာတာနဲ့ ဆက်မပြောမိတော့။

" မကောင်းဘူးလား ... ငါကလည်းကွာ ဘာမှန်းမသိဘူး ဒါလေးတောင် အဖြစ်မရှိတဲ့ကောင်ပဲ ... နောက်ကျမှ စားဖိုမှူးသင်တန်းတက်ပြီး မင်း ကြိုက်တာလေးတွေ အ​ကောင်းဆုံး ပြင်ပေးမယ် .... အခုတော့ ဒါလေးပဲ သည်းခံပြီးစားပေးနော် "

မျက်နှာငယ်လေးနဲ့ လူကို လေချိုသွေးပြနေပြန်ပြီ

ဘာမှပြန်မပြောတော့ပဲ ဒီတိုင်းစားစရာရှိတာ ဆက်စားပြီး အပေါ်ကို ပြန်တက်လာခဲ့လိုက်​တော့သသည်​။

RED TEAR ( Completed )Where stories live. Discover now