Episode-3

5.5K 353 20
                                    

(Zawgyi)

အ​ရေးအသားအရမ်း​ကောင်း​နေလျှင်​ကူးချထားမည်​မှန်းဆရာမ​တွေက သိမှာအ​သေအချာ။

ထို့​ကြောင့်​ကျွန်​​တော်​ ထိုOag Garဆိုသူ၏ Essay ကိုကူးမချဖြစ်​ခဲ့။
အခြား​သော Essay များကိုသာအနဲငယ်​ မှီငြမ်းရင်း ဖြစ်​​အောင်​​ရေးလိုက်​သည်​။
ရေးပြီးအချိန်​ကြည့်​မိ​တော့ ၁၂နာရီပင်​​ကျော်​​နေပြီ။
အိပ်​ရာ​စော​စောဝင်​တတ်​​သော ကျွန်​​တော့်​အတွက်​ ​နောက်​ကျလှပြီ​လေ။

စားပွဲ​ခုံမှ စာအုပ်​များကိုလွယ်​အိပ်​ထဲထည့်​​နေစဉ်​ Essay စာအုပ်​ကိုကျွန်​​တော့်​လက်​ဖြင့်​ တိုက်​ချမိလိုက်​သည်​။
စာအုပ်​ကကြမ်းပြင်​​ပေါ်တွင်​​မှောက်​လျက်​။
''အမ​လေး English မရပါဘူးဆိုမှ
Englishစာအုပ်​ကပြုတ်​ကျရလား နိမိတ်​မရှိနမာမရှိ'' 
ပြော​ပြောဆိုဆိုနှင့်​စာအုပ်​ကို​ကောက်​ရင်း ကြည့်​မိ​တော့
Essay​ရေးသားသူ​ကျောင်းသားများ၏
ဓာတ်​ပုံ နှင့်​ အမည်​ ကို​ရေးထားသည့်​စာ
မျက်​နှာဖြစ်​​နေသည်​။

အမှတ်​တမဲ့ ကြည့်​မိ​တော့ ​စောနကျွန်​​တော်​ ​တွေ့လိုက်​သည့်​ Oag Gar ဟူ​သောနာမည်​ပိုင်​ရှင်​ကို​တွေ့လိုက်​ရသည်
အမည်​ကိုမြန်​မာလို​ရောEnglish လို​ရော​ရေးသားထားသည်​။
"ဟင်​ အိုဂီယာ မဟုတ်​ပါလား😮
ဥဂ္ဂါ တဲ့ ငါဘယ်​လိုများ စာလုံး​ပေါင်းဖတ်​မိပါလိမ့်​''

နာမည်​​အပေါ်တွင်​ နာမည်​ပိုင်​ရှင်​၏
အဖြူအမည်း ဓာတ်​ပုံကို​တွေ့လိုက်​ရသည်​။ Black & White ဓာတ်​ပုံတွင်​ပင်
သူ့မျက်​ခုံးထူထူများကိုထင်​ရှားစွာမြင်​​နေကသည်​။ ခပ်​ရှည်​ရှည်​ မျက်​လုံးနှင့့််
စူးရှ​သောအကြည့်​တို့က သိပ်​ပနံရ​နေသလိုပင်​။ ​ခပ်​ထူထူနှုတ်​ခမ်းတို့က ပြုံး​ယောင်​သမ်းလျက်​။

လေး​ထောင့်​အနဲငယ်​သာ​ကျ​သောJaw Lineနှင့်​ အ​တော်​ကိုကြည့်​​ကောင်း​သောလူပါလားဟု ကျွန်​​တော်​​တွေးမိသည်​။ ဒီEssayသည်​ သူ၉တန်းနှစ်​ English ထူးချွန်​​ဖြေစဉ်​က​ရေးသားခဲ့​သော essay ဖြစ်​​ကြောင်းလဲ​ရေးသားထားသည်​။

စာအုပ်​ကိုပိတ်​လိုက်​ရင်း​တွေးမိသည်​။
"သူကျ​တော့ မိုက်​လိုက်​တာ!
စာကလဲ​တော်​ ရုပ်​ကလဲကြည့်​​ကောင်းတယ်​ ငါလဲအဲ့လို ဘက်​စုံ​တော်​တဲ့​ကျောင်းသားဖြစ်​ရင်​ Daddy ​တော့အရမ်း ဂုဏ်​ယူ​နေမှာ''

ComplicatedWhere stories live. Discover now