Episode-37

1.9K 158 33
                                    

(Zawgyi)

'လင်း​နေ'

ဥဂ္ဂါအတိတ်​ရှိ ရှားရှားပါးပါး သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ဟု​ပြောလျှင်​လွန်​​လောက်​မည်​မထင်​....။

လွိုင်​လင်​မှ ဥဂ္ဂါထွက်​​ပြေးကာ ဝသုန်​တို့မိသားစုထံတွင်​ ရက်​ပိုင်းမျှ နားခိုခွင့်​ရခဲ့သည်​။
ထို့​နောက်​တွင်​​တော့ ဝသုန့်​daddyဦးမိုး
မြင့်​လိုက်​ပို့ခဲ့​သော
'​မေတ္တာမွန်​'ဟု အမည်​ရသည့်​ လူငယ်​​စောင့်​​ရှောက်​​ရေး​ဂေဟာသို့ ဥဂ္ဂါသွား
ရောက်​ဖြစ်​ခဲ့သည်​။

"သားသားနာမည်​က ဘယ်​လို​ခေါ်လဲ''

"ဥဂ္ဂါ''

မသိသူတိုင်းက ဥဂ္ဂါနာမည်​အား
''ဥက္ကာ''ဟုပင်​ စာလုံး​ပေါင်းကြသည်​မို့ ထိုဆရာမကလည်း မှားယွင်း၍ 
ထိုသို့ပင်​ရေးမှတ်​လိုက်​ကြ​သည်​။
ဆရာမ မှား​ရေးလိုက်​သည်​ကို သိ​သော်​လည်း စကား​ပြောချင်​စိတ်​မရှိ​တော့
သည်​မို့ ဥဂ္ဂါအထွန့်​တပ်​မ​နေ​တော့။

မေ​မေ​က​တော့ ဥဂ္ဂါနာမည်​နှင့်​ပတ်​သက်​၍ ခဏခဏပြောပြဖူးခဲ့သည်။

"ဥဂ္ဂါဆိုတဲ့ နာမည်​က တကယ်​​တော့ 
ရှေး​ခေတ်​နာမည်​ကြီး မိဖုရား​ခေါင်​ကြီး
တစ်​ပါးရဲ့ သိပ်​ထက်​မြက်​တဲ့အကို​တော်ရဲ့​နာမည်​သိလား သားသား....
ဒီ​ခေတ်​မှာ သိပ်​ကိုရှားတဲ့နာမည်​​လေးမို့ သားသားက တန်​ဖိုးထားရမယ်​​နော်
ကိုယ့်​နာမည်​ပျက်​​စေမယ့်​ ကိစ္စမျိုး​တွေ ဘာမှ မလုပ်​ရဘူး ဟုတ်​ပြီလား''

ထိုဆရာမအားရှင်းပြ​နေလျှင်​ ​မေ​မေ
ပြောပြခဲ့သည့်​ အ​ကြောင်းအရာကိုပါ တစ်​ရှည်​တလျား ရှင်းပြ​နေရဦးမည်​။
မေ​မေ့စကားတို့အား ပြန်​​ပြောပြရန်​အသာထား ​မေ​မေ့အ​ကြောင်း​တွေးမိလျှင်​ပင်​ ဝမ်းနည်းစိတ်​က လှိုက်​တတ်​လာသည်​အထိခံစားရသည်​မို့ အနာ​ဟောင်းအားဆွ မ​နေ​တော့ဘဲ ဥဂ္ဂါဆိတ်​ငြိမ်​​နေခဲ့မိသည်​။

ပညာဒါန​ပေးလှူ​နေသည့်​သ​ဘောမ​နော​ကောင်းမွန်​​သော ဆရာ၊ဆရာမများရှိ​နေ​သော်​ငြား....

လူ​ကောင်းနှင့်​လူဆိုးဟူသည်​ ​နေရာအနှံ့၌ ဒွန်​တွဲ၍ တည်​ရှိ​နေတတ်​သည့်​ သ​ဘောအား ဥဂ္ဂါငယ်​စဉ်​ကပင်​ သ​ဘော​ပေါက်​နားလည်​ခဲ့ရသည်​။

ComplicatedWhere stories live. Discover now