Episode-39

1.7K 156 12
                                    

(Zawgyi)

ခွန်​ဆိုင်းကို မြင်​လိုက်​ရခြင်းသည်​ ဥဂ္ဂါအဖို့​တော့ ​မေ့​လျော့ထား​သော မသိကျိုးကျွန်​ပြုကာ ပြည့်​ဖုံးကားချထားခဲ့​သော အတိတ်​​နေ့ရက်​များအား ရုတ်​တရက်​ အမှတ်​ရ​စေလိုက်​သကဲ့သို့ပင်​.....။

ရှမ်းလူမျိုး​ပေမို့ ဝင်းဝါဖြူစင်​​သော အသားအ​ရောင်​နှင့်​ သန့်​ပြန့်​​သော ရုပ်​သွင်​တို့အား အချိုးကျကျပိုင်​ဆိုင်​ထား​သော ခွန်​ဆိုင်းမှာ ဥဂ္ဂါမှတ်​မိသ​လောက်​က​တော့ နာခံတတ်​​သော လူရည်​သန့်​​လေးတစ်​ဦးဖြစ်​သည်​ဟူ၍ပင်​။

ပြန်​မမက်​ချင်​​တော့​သော အိမ်​မက်​ဆိုးတို့၏ အရင်းတည်​ရာ လွိုင်​လင်​မြို့အား ဥဂ္ဂါ​နောက်​ဘယ်​​သောအခါမှ ​ခြေဦးထပ်​မလှည့်​​တော့ဟု ဆုံးဖြတ်​ထားချိန်​မှ ခွန်​ဆိုင်းနှင့်​ပြန်​​တွေ့လိုက်​ရသည့်​ အဖြစ်​ကို ဥဂ္ဂါသ​ဘောမကျ။

သို့​သော်​ငြားလည်း ​တောင်းပန်​တိုလျှိုး​သော ခွန်​ဆိုင်းမျက်​ဝန်းများအား ဥဂ္ဂါသနားစိတ်​အနည်းငယ်​ ဝင်​သွားမိသည်​မို့

"မ​တွေ့ရတာကြာပြီပဲ
မင်းဘာလို့ ငါ့ကို လာရှာရတာလဲခွန်​ဆိုင်း''

ဥဂ္ဂါ၏ အ​မေးစကားအား ခွန်​ဆိုင်းက ထိုင်​ရာမှ မက်​တပ်​ထကာ အရိုအ​သေပြုရင်း ​ဖြေ​လေသည်​။

"ကျွန်​​တော်​.....ကျွန်​​တော့်​ကို ကူညီပါ အကို
အရင်​က အကို့လက်​​အောက်​မှာ နာခံပြီးအလုပ်​လုပ်​ခဲ့တာကို ​ထောက်​ပြီးပဲ
ဖြစ်​ဖြစ်​''

ခွန်​ဆိုင်းစကားအဆုံးတွင်​ ဥဂ္ဂါမျက်​ခုံးတို့ တွန့်​ချိုးသွားမိသည်​။ အ​ကြောင်းမှာ သူ​မေ့ပစ်​ချင်​​နေ​သော အရာကို ဤ 
ကောင်​​လေးက အစ​ဖော်​​နေခြင်း​ကြောင့်
ပင်​။
ဥဂ္ဂါ Rumbleအတွက်​ လုပ်​ခဲ့ရသမျှ အားလုံးက်ု တစ်​ခုမကျန်​​မေ့ပစ်​ချင်​ပါ
သည်​။

လွိုင်​လင်​မှ ထွက်​ခွာလာစဉ်​က ​နေမာန်​ မည်​သို့ စီစဉ်​ကာ ထားခဲ့သည်​ကို ဥဂ္ဂါအား​ပြောမပြခဲ့။
သို့​သော်​လည်း ​နေမာန်​က အလုပ်​ကို​တော့ စနစ်​တကျလုပ်​တတ်​သူမို့ လက်​​အောက်​ငယ်​သားတို့အ​နေနှင့်​ အ​ခြေပျက်​သွားစရာမှမရှိဘဲ ဟု ဥဂ္ဂါ​တွေး​နေမိ
သည်​။

ComplicatedWhere stories live. Discover now