Episode-23

2.5K 202 10
                                    

(Zawgyi)

နို့အရသာ ပိုကဲ​သော latte coffeeတစ်​ခွက်​ကို အရသာခံ​သောက်​​နေရင်း တပ်​ထား​သောနားကြပ်​ဆီမှ တိုးဖွဖွပျံ့လွင့်​​နေ​သော သီချင်းတစ်​ပိုင်းတစ်​စကို စိတ်​ထဲမှလိုက်​ညည်း​နေမိသည်​။

ရှည်​သွယ်​သွယ်​မျက်​ဝန်းအစုံနှင့်​ ​ဘေးပတ်​ဝန်းကျင်​ကို အကဲခပ်​မိချိန်​တွင်​​တော့
အုပ်​စုလိုက်​​ပျော်​ရွှင်​ရယ်​​မော​နေကြ​သော ​ကျောင်းသား​ကျောင်းသူ​များကို
ဝသုန်​​တွေ့လိုက်​ရသည်​။

တကယ်​လဲ ​ကျောင်းcanteenဆိုသည်​မှာ သူငယ်​ချင်းများနှင့်​ စကားစမြည်
်​​ပြောရင်း စကြ​နောက်​ကြ စားကြ​သောက်​ကြ နှင့်​​ပျော်​ရွှင်​စွာ အချိန်​ဖြုန်းကြ​သော​နေရာ...။
ဝသုန်​က​တော့ ထုံးစံအတိုင်း ထိုသူတို့နှင့်​ မသက်​ဆိုင်​စွာပင်​ တစ်​ဦးထဲ​ငေး​မောလျက်​...။

"ဘာ​တွေအဲ့​လောက်​​တွေး​နေတာလဲ''
ဝသုန်​ထိုင်​​နေရာစားပွဲကို လက်​ဖြင့်
ခေါက်​ရင်း ​မေးလာသူကို​မော့ကြည့်​မိ
တော့ သင်္ခ။

နက်​ပြာ​ရောင်​shirtလက်​ရှည်​ကို sky blue jean pantsနှင့်​ သပ်​ရပ်​စွာဝတ်​ဆင်​ထား​သော သင်္ခက ခပ်​အုပ်​အုပ်​သူ့ဆံပင်​​တွေကို တစ်​ချက်​သပ်​တင်​ရင်း ဝသုန့်​ကိုပြုံးပြကာ ခုံကိုဆွဲထိုင်​လိုက်​သည်​။

"ဒီ​လောက်​သန့်​ပြန့်​​နေလို့ ဒီ​ကောင်​ kingဖြစ်​​နေတာ မဆန်းတာ''ဟု ဝသုန်
တွေးလိုက်​မိသည်​။တက္ကသိုလ်​တစ်​ခုထဲတတ်​​နေကြ​သော်​ငြား ​မေဂျာမတူကြသည်​မို့ ​တော်​ရုံ ဝသုန်​နှင့်​သင်္ခတို့မဆုံဖြစ်​ကြ။

သို့​သော်​ သင်္ခယာမည်​သို့​ချော​ကြောင်း မည်​မျှ မိန်းက​လေး​တွေ၏ အသည်း
ကျော်​ဖြစ်​​နေ​ကြောင်း စသည့်​ သတင်းအစုံစုံကို​တော့ ​အတန်းထဲတွင်​နေတိုင်းလိုလိုပင်​ကြား​နေရသည်​​။

နားကြပ်​ကိုဆွဲဖြုတ်​လိုက်​ရင်း ​စောနက ​သေချာမကြားလိုက်​​သော သင်္ခစကားကိုထပ်​​မေးလိုက်​သည်​။
"ဘာ​မေးလိုက်​တာလဲ သင်္ခ?''

"​သြော်​... မင်း ဘာ​တွေ ​တွေး​ငေး​နေတာလဲလို့''

ဝသုန်​ပခုံးကိုတစ်​ချက်​တွန့်​ပြရင်း
''ဘာမှမ​ငေးပါဘူး သီချင်းနား​ထောင်
နေတာ''
ပြော​ပြောဆိုဆိုနှင့်​ ဖွင့်​ထား​သော ph screenကို သင်္ခဘက်​လှည့်​ပြလိုက်
သည်​။ဝသုန်​နား​ထောင်​​နေသည်​က ဥဂ္ဂါ သီဆိုပြခဲ့ဖူး​သော Imigine Dragon၏ Demond သီချင်း...။

ComplicatedWhere stories live. Discover now