Episode-11

3.8K 278 11
                                    

(Zawgyi)

သင်္ခနဲ့အဆင်​​ပြေ​အောင်​ကြိုးစားမည်​ဟု​ပြောခဲ့​သော်​လဲ တကယ်​တမ်း​တော့ ယမုံဘာမှမလုပ်​ဖြစ်​ခဲ့။

"မိန်းက​လေးသိက္ခာကျမည်​ဆိုးလို့လား?''
အဲ့လို​မေးခဲ့လျှင်​​တော့ ''မဟုတ်​ဘူး''
ဟုသာ ယမုံ​ဖြေရလိမ့်​မည်​။

သူ့ကိုစိတ်​အ​နှောက်​အယှက်​မဖြစ်​​စေ
ချင်​တာပိုပါသည်​။
၁၀တန်းစာ​မေးပွဲဆိုတာ ဘဝတစ်​ဆစ်​ချိုးဖြစ်​သည်​​လေ။
စာတွင်​အပြည့်​အဝ အာရုံစိုက်​ထားသင့်​ချိန်​မှာ ယမုံသူ့ကို အချစ်​​ရေးရာပြသနာ​တွေနဲ့​ဝေး​ဝေးမှာပဲ​နေ​စေလိုသည်​။

အချိန်​တစ်​ခု​ရောက်​ခဲ့ရင်​​တော့ ယမုံဖွင့်​​ပြောဖို့ကို လုံးဝ ဝန်​မ​လေး။

ထို့​ကြောင့်​ပုံမှန်​အတိုင်းသာဆက်​​နေဖြစ်​ခဲ့သည်​။

သို့​သော်​လိုက်​လျှင်​​ပြေးတယ်​ မလိုက်​ဘဲ​နေလျှင်​ မဖိတ်​​ခေါ်ဘဲ အလိုလို​ရောက်​လာတတ်​သည်​ဟူ​သောသ​ဘောကိုယမုံသိလိုက်​ရသည်​။

"ယမုံ ကျွန်​​တော်​စာအုပ်​လာအပ်​တာ''
အ​တွေးမဆုံးခင်​မှာပင်​ သင်္ခ​ရောက်​လာခဲ့သည်​။
"အင်း သင်္ခ စာ​မေးပွဲက နီး​နေပြီ ​ကျောင်းစာလုပ်​​တော့​လေ''

"ဟုတ်​ကဲ့ပါ ယမုံရဲ့
ကျွန်​​တော်​လဲ အခုငှါးသွားတာ​တွေဖတ်​ပြီးရင်​ ထပ်​မငှါး​တော့ဘဲ စာလုပ်​​တော့မလို့ပါ''
သင်္ခကသူယူလာ​သောစာအုပ်​​တွေကို စားပွဲ​ပေါ်တင်​​နေရင်း​ပြောသည်​။

ယမုံတစ်​ခု​တော့ အံသြရပါသည်​။
အရမ်းမာနကြီးတတ်​​သော
ဘယ်​သူနှင့်​မှ ရင်းရင်းနှီးနှီးမ​နေတတ်​​သော
အရယ်​အပြုံးသိပ်​နည်း​သော သင်္ခသည်
ယမုံ့ကို​တော့သိပ်​ကို​ဖော်​​ရွေစွာ ဆက်​ဆံတတ်​သည်​။

"ယမုံတို့First Year​တွေလဲ စာ​မေးပွဲနီး​နေပြီ​နော်​ ဘယ်​လိုလဲစာ​တွေပိုင်​​နေ
ပြီလား?''

"အင်း နဲနဲ​တော့ရ​နေပါပြီ''
ရယ်​ကျဲကျဲနှင့်​ယမုံ​ဖြေလိုက်​ရသည်​။

စာအုပ်​​တွေ​ပေးပြီး သင်္ခကအပြင်​ထွက်​ရန်​ပြင်​သည်​။ တံခါးဖွင့်​ရန်​လက်​လှမ်းပြီးမှ ပြန်​လှည့်​ကြည့်​ရင်း
"စာ​မေးပွဲပြီးမှပဲ စာအုပ်​​လေး​တွေနဲ့ပြန်​​တွေ့ရ​တော့မယ်​''

ComplicatedWhere stories live. Discover now