Episode-34

1.8K 154 12
                                    

(Zawgyi)

ဘယ်​အချိန်​ကြည့်​ကြည့်​ ချစ်​မဝ​သော
ဘယ်​အချိန်​ ​နားဆင်​ နားဆင်​ မရိုးနိုင်​​အောင်​သာယာ​ချိုမြ​နေတတ်​​သော
ချစ်​ရသူ၏အသံ​လေးအား နားဆင်​လိုက်​ရပြီး​နောက်​ ​ကျေနပ်​စွာပင်​ နှုတ်​ဆက်​ရင်း ဥဂ္ဂါ phone ကိုချလိုက်​သည်​။

နောက်​လဆိုလျှင်​ ဤက​လေးငယ်​နှင့်​ အပြင်​မှာ ဥဂ္ဂါပြန်​လည်​​တွေ့ဆုံခွင့်​ရ​တော့မည်​။ အမြဲလိုလို ကျိန်​ဆဲ​နေမိ​သော ကံတရားက ဒီနှစ်​များအတွင်းမှာ​တော့
ဥဂ္ဂါအား အတိုင်းထက်​အလွန်​​မျက်​နှာသာ​ပေးခဲ့​ပြန်​သည်​။

ကျေနပ်​စိတ်​ဖြင့်​ ဥဂ္ဂါပတ်​ဝန်းကျင်​ကို အကဲခတ်​မိချိန်​တွင်​ မှန်​တံခါးကို ဆွဲဖွင့်​ရင်း ဝင်​လာသည့်​ အမျိုးသမီးငယ်​ နှစ်​ဦးအား​တွေ့လိုက်​ရသည်​။

ထိုအမျိုးသမီးနှစ်​ဦးက ကြည်​မြစွာ ပြုံးပြရင်း ''ကြိုဆိုပါတယ်​'' ဟု နှုတ်​ခွန်းဆက်​လိုက်​​သော ဥဂ္ဂါအား တစ်​ချက်​ပင်
ငေးကြည့်​လိုက်​ကြသည်​။

"ညီမတို့ကို bubble milk teaနှစ်​ခွက်
ပေးပါ''

"ရပါမယ်​ ခင်​ဗျာ''

ရှည်​သွယ်​သွယ်​လက်​အစုံတို့နှင့်​ အချိုးကျကျ​ရောစပ်​​ဖျော်​​နေသည့်​ ဥဂ္ဂါအားထို့အမျိုးသမီး​လေးတို့ မခို့တရို့ကြည့်​​နေကြသည်​ကို ​သေချာ​ပေါက်​သတိထားမိပါသည်​။
ထိုအချိန်​မျိုးဆို ဥဂ္ဂါဟင်းချက်​​​နေသည်​ကို တ​မေ့တ​မော ​ဘေးမှ​နေ၍ ​ငေး​မော​နေတတ်​သည့်​ ​ကောင်​ငယ်​​လေးအား ဥဂ္ဂါသတိရသွားပြန်​သည်​။

"ဒါနဲ့ ​ကော​ကောက အရမ်း​ချောတာပဲ
Phone no ရမလား?''

ခပ်​ရဲရဲပါးမို့​လေးများနှင့်​ ရယ်​လိုက်​​တိုင်း ပိတ်​ကျသွားတတ်​​သော မျက်​ဝန်း​လေးတို့၏ ပိုင်​ရှင်​ ဖြူ​ဖွေးနုဖတ်​​နေသည့်​ တရုတ်​မ​လေးများ၏ phone no​တောင်းခြင်းက ဥဂ္ဂါအတွက်​ ပထမဆုံးမဟုတ်​။

"စိတ်​မရှိပါနဲ့ ညီမ​လေးတို့
အကိုက ​နောက်​လဆို ဆိုင်​ပိတ်​ပြီး
ဇာတိ​​မြေကို ပြန်​​တော့မှာ''

ComplicatedWhere stories live. Discover now